ကျောင်းတော်က…

MZ က post1 တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ..

ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်… ကျောင်းက အရင်အတိုင်းပဲ… အဆောင်သစ်တစ်ခု ဆောက်နေတယ်… အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်… တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ… ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ… အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်… ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ… အဲတုန်းက ယောကျင်္ားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ… ဒေါသထွက်တိုင်း မှန်ကို ခွဲ… တံခါးကို ဆောင့်ကန်… မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း ဆက်မတပ်ပေးတော့ဘူး… အေးသွားတာပဲ.. မှန်လည်း ထပ်ကွဲစရာ မလိုတော့ဘူးပေါ့… တံခါးကို ဆောင့်ကန်တော့ ကြာတော့ တံခါးက ပျက်စီးကုန်တာပဲ… နောက် တစ်နှစ် ထပ်ပြင်သေးတယ်.. ဘာလို့လည်းမသိဘူး… ကျောင်းက အိမ်သာတွေက နှစ် အစလောက်ပဲ ကောင်းတယ်.. နောက်ပိုင်း ပျက်စီးကုန်တယ်.. ကျွန်တော်တို့ hons ရောက်တော့ နောက်ပိုင်း ဆက်မပြင်တော့ပဲ ဒီအတိုင်း ပစ်ထားလိုက်တာ… အခုထက်ထိပဲ.. တော်သေးတာကတော့ အိမ်သာထဲက ရေပိုက်ခေါင်းကိုတော့ ပြင်ပေးလို့… အခုနောက်ပိုင်း ကျောင်းသားတွေတော့ ဘယ်လိုနေလဲမသိဘူး… အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျွန်တော်တို့ first year တုန်းက လူတွေက တော်တော်ဆိုးတာပဲလား တော်တော်ရဲတာပဲလား မသိဘူး.. ကျောင်းကို အများကြီး ဖျက်စီးသွားတယ်…. ကျောင်းကလည်း အခုနောက်ပိုင်း ဘာလို့ ပြန်မပြင်လဲတော့ မသိဘူး… ကျောင်းဆောင် အသစ်တွေပဲ ဆက်ဆောက်နေတယ်.. ဆရာ ဆရာမ တွေလည်း လိုအပ်နေတာကို… ကျောင်းကို လူထပ်ခေါ်မလို့လားမသိဘူး… ထပ်ခေါ်တော့လည်း master မှာ thesis လုပ်နေတဲ့လူတွေ… master တက်နေပြီး thesis လုပ်တဲ့လူတွေက industry အတွေ့အကြုံမရှိဘူး.. သူတို့ထပ်သင်လိုက်တဲ့ first year တွေကတော့…. စဉ်းစားဖို့ မလိုတော့ဘူး.. master တက်ပြီး ဆရာမ လုပ်မှပဲ Phd ဆက်တက်လို့ရတာဆိုတော့ ဆရာ ဆရာမကို မဖြစ်မနေ လုပ်ရတာပဲ…

ဆရာ ဆရာမတွေအနေနဲ့ thesis လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်သင်ကြားရတဲ့ဘာသာကို ကိုယ့် thesis လောက် အာရုံစိုက်ဖို့ မအားဘူးလေ… ဘာလို့လည်းဆိုတော့ thesis အတွက် စာတွေ အများကြီးဖတ်ရတယ်.. အဲဒီတော့ ကိုယ်သင်ကြားမယ့် ဘာသာ ကို သေသေချာချာ မဖတ်နိုင်ပဲ မနက်ဖြန် သင်မယ်ဆို ဒီနေ့မှ ပြန်ဖတ်.. သေသေချာချာ သင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်လေ… ဆရာ ဆရာမတွေ အနေနဲ့ thesis လုပ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေကို စာသင်တာ ကောင်းမှာ မဟုတ်တာသေချာတယ်… master thesis က လွယ်တယ်ဆိုပေမယ့် ဖတ်ရတဲ့ စာတွေကတော့ မနည်းပါဘူး.. industry အတွေ့အကြုံမရှိတဲ့အတွက် thesis လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်.. ဘာလုပ်ရမှန်းမသိဘူး.. နောက်ပြီး supervisor ကလည်း thesis အတွက် ရေးပါသေးတယ်လေ… thesis ကိစ္စကို နောက်မှ ဆက်ပြောတော့မယ်… thesis လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေက အမှန်တိုင်းပြောရင် pressure ကများတယ်… သာမာန် ရိုးရိုး အလုပ်မလုပ်ပဲ လုပ်နေတဲ့လူတွေတောင် pressure များနေရင် စာလည်းသင်နေရတဲ့ ဆရာ ဆရာမတွေကလည်း တော်တော်ပင်ပန်းမှာပါ… ဒါကြောင့် စာသင်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့ အခါမှာ ရောင်လည်လည်ဖြစ်နေတာပဲ… ရောင်လည်လည်ဖြစ်နေတော့ နားလည်အောင် ဖတ်ဖို့အတွက် အချိန်က သိပ်မပေးချင်ဘူး.. ဘာလို့လည်းဆိုတော့ ဒီမှာက မီးမလာတဲ့ အခက်အခဲ.. internet အခက်အခဲ… မပြည့်စုံတဲ့ Library စတဲ့ အခက်အခဲတွေ အပြင် အခြား မပြည့်စုံတဲ့ အခက်အခဲတွေကြောင့် thesis ကို ဦးစားပေးပြီး thesis အတွက် စာဖတ်တာနဲ့တင် ရောင်လည်လည်ဖြစ်နေတဲ့ ကိုယ်သင်ကြားရတဲ့ စာတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူးလေ.. .

ကျောင်းမှာ သင်ကြားတဲ့ course ကကောင်းတယ်.. ဒါပေမယ့် သင်ကြားတဲ့ course တွေကို first year ကတည်းက course တွေကို အီလည်လည်နဲ့ ဖြစ်လာခဲ့တော့… course က ဘာမှမဟုတ်တော့ဘူး.. self-study လုပ်နိုင်ဖို့ အရမ်းလိုအပ်တယ်.. ကျောင်းကလည်း self-study လုပ်ဖို့ အားမပေးဘူး.. ဆရာ ဆရာမတွေကလည်း စာသင်ဖို့အတွက် သီးသန့် train လုပ်ထားတာမဟုတ်ဘူး.. first year ကတည်းက အဲလို စလိုက်တော့ နောက်ပိုင်းမှာ တပ်ပျက်တာပဲ.. တနည်းပြောရင် ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ်ပိုင် self-study ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မသွင်းထားဘူး.. ဒါတွေကလည်း ငယ်စဉ်ကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်တယ်.. ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမယ်.. ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်သူမှ အရန်သင့်လာမပေးဘူး… အဲလိုစိတ်ဓာတ်လေးတွေ မရှိတော့.. သူများ အပြစ်ပုံချ အလုပ်တွေ လုပ်လာကြတယ်.. ကျောင်းမှာလည်း စာသင်တော့လည်း လိုအပ်တဲ့ ဟိုဖြတ် ဒီဖြတ်ပဲ စာသင်တော့ ပိုဆိုးကုန်တယ်… ဟိုဖြတ် ဒီဖြတ် မသင်ရင်လည်း မဖြစ်ဘူးလေ… course က ၁ နှစ်စာဆိုပေမယ့် တကယ်တန်းသင်မယ်ဆို စာအုပ်တွေက ၁ နှစ်နဲ့ မပြီးဘူးလေ… ဒါကြောင့် ၁ နှစ်အတွင်းပြီးအောင် ဖြတ်ပြီးသင်ရမှာပဲ…

ကျောင်းမှာက နိုင်ငံတကာ အဆင့်မမီဘူးဆိုတာ အမှန်ပဲ.. အခြားမကြည့်နဲ့ ကျောင်းလခပဲကြည့်လေ… နိုင်ငံတကာ ကျောင်းလခလည်းမဟုတ်တော့…. ဒီလောက်ပဲရမှာပေါ့… ကျောင်းကားခ တိုးလို့ အော်ကြတဲ့ ကျောင်းသားတွေ တစ်ပြုံကြီး… နိုင်ငံတကာ အဆင့်မီကျောင်းဖြစ်စေရမယ်… ကျောင်းလခ ကလည်း နိုင်ငံတကာ ကျောင်းလခ ဖြစ်သွားမယ်.. ဒါဆို…. အဲဒီအခါ စဉ်းစားကြည့်ပါ… လက်ရှိတက်နေတဲ့လူတွေထဲက ၂၀% လောက်ပဲတက်နိုင်မယ်… နိုင်ငံတကာနဲ့ ယှဉ်ရင် စျေးမများတဲ့ ဆေးကျောင်းကိုတောင် မတက်နိုင်လို့ ကျောင်းထွက်ရတဲ့ ကျောင်းသားတွေ ဒီနိုင်ငံမှာ များနေတာ.. ကျောင်းလခ တွေ စျေးတက်ခဲ့ရင်တော့…..

ကျွန်တော်ပြောတာ နည်းနည်းများသွားပြီ… တကယ်တန်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နေနဲ့.. ကိုယ်တိုင် ကြိုးစား.. တတ်နိုင်ရင် ကျောင်းပြီးတာနဲ့ စလုံးဖြစ်ဖြစ် master စတက်… ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့ဗျာ.. အပြစ်တင်နေတာနဲ့ ကိုယ့်ဘဝကြီးက တိုးတက်သွားမှာ မဟုတ်ဘူး… ကိုယ်ပြောနေလို့လည်း သူတို့တွေက ပြင်ဖို့ အခွင့်အရေးရှိအုံးမှ ပြင်လို့ရမှာလေ… ကိုယ်တတ်နိုင်သလောက် ကျောင်းကိုဖြစ်ဖြစ် ပညာလိုချင်သူတွေကို ဖြစ်ဖြစ် ကူညီပေးပြီး ဘဝ အတွက် ရုန်းကန် လှုပ်ရှားကြတာပေါ့ဗျာ..

  1. http://www.mysteryzillion.org/forums/showthread.php?t=4586 []

သင်ကော ဘာလုပ်မလဲ

ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့ ရသွားပါတယ်။ Programming ဆိုတာဘာလဲ HTML ဆိုတာ ဘာလဲဆိုတာ အနည်းအကျဉ်းလောက်သိသွားတယ်။ ဒါပေမယ့် Professional အနေနဲ့ ရပ်တည်တဲ့လူက လွန်စွာနည်းပါးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကကော….. Continue reading

Unicode , Wiki , Egress ကျောင်းဆင်းပွဲ

ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း  Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့ အကုန်လုံးက အဆိုပြုသတ်မှတ်လိုက်တာပဲဗျ။ အကောင်းနဲ့ အဆိုးကတော့ ရှိနေတာပဲဗျ။ ကိုငွေထွန်းကတော့ Font Convertor ရှိတယ် နောက်ပြီး MySQL, MSSQL database တွေကိုပြောင်းပေးနိုင်တယ်။ File တွေကို ပြောင်းပေးနိုင်တယ်။ နောက်ပြီး keyboard လက်ကွက်မပြောင်းဘူး။ လိုအပ်တဲ့ technical support ကိုပေးမယ်လို့ ဆိုပါတယ်။ တကယ်တန်းတော့ ကြီးများတဲ့ porject တွေမှာတော့ သုံးသင့်နေပြီလေ။ ဇော်ဂျီကလည်း ရှိနေအုံးမှာပဲ။ နောက်ပြီး ဝင်း တို့ CE တို့ကလည်း ပျောက်သွားမှာမဟုတ်ဘူး။ အဲလိုပဲ Unicode 5.1 ကတော့ သုံးသင့်တဲ့နေရာမှာ သုံးသင့်နေပြီ။ အခုအခါမှာ မကြာခင်မှာ rendering အတွက် installer တစ်ခု ထုတ်ပေးမယ်။ အရမ်းကောင်းပြီး အရမ်းလွယ်တဲ့ installer ပဲ။ အဲဒါလေး အသုံးပြုလိုက်ရင် Windows XP service pack ဘယ်လောက်ဖြစ်ဖြစ် ရတယ်လို့ ကိုငွေထွန်းကို ပြောပါတယ်။

Continue reading

ပါရမီရှင်လော

ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ဘူးဗျာ ကျောင်းက ကျောင်းသား ကျောင်းသူတွေ တော်ပြီးရင်း တော်နေကြတာ။ တကယ်ဗျ။ ကျွန်တော်တို့ နှစ်မတိုင်ခင်ကဆို programming ဘာသာဆို တော်တော်များများက လက်တွေ့လုပ်ကြတယ်။ ကျွန်တော်တို့ နှစ်ကတော့ လူနည်းသွားပြီး ကျက်စာပိုင်းကို အားသန်လာကြတယ်။ အခု နှစ်တွေ ဘာတွေ ဖြစ်နေပြီလဲလို့ ကျောင်းသားတွေ လန်ထွက်နေတာပဲ။ ကျွန်တော်တို့ဆို programming ကို လက်တွေ့မပါပဲ မလုပ်တတ်ဘူးဗျ။ သူတို့များ VB program တောင် တစ်ခါမှ မဖွင့်ဘူးပဲ စာမေးပွဲဖြေနိုင်ကြတယ်။ အံ့ရော။ database တွေလည်း စာအုပ်ထဲမှာဆောက်။ program တွေလည်း စာအုပ်ထဲမှာရေး။ run တော့လည်း စာအုပ်ထဲမှာပဲ။ နောက်ပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့။ ဘာပါရင် ဘာရေး။ ဘယ်အဆင့်ပြီး ဘာရေးနဲ့။ လန်ထွက်တယ်ဗျာ။ တကယ့်ကို အံ့ဖွယ်လိလိပဲ။

Continue reading

ကျောင်းသားသည်သာ အနာဂတ်

ကျောင်းပြီးသွားတော့မှ သိလာတယ်။ ကျောင်းသားတွေကသာ အနာဂတ်အတွက်ဆိုတာကိုပေါ့။ အခု အလုပ်စလုပ်နေတော့ အရင်တုန်းကလို မအားတော့ဘူး။ ကျောင်းတက်နေတုန်းကလို မလေ့လာနိုင်တော့ဘူး။ တစ်ညလုံး စာတွေ ဖတ် မနက် ကျောင်းသွား။ ကျောင်းကားပေါ်အိပ် ကျောင်းရောက်တော့ ထပ်အိပ်။ ပြီးရင် ညဘက် တစ်ညလုံး ဖတ်လိုက် လေ့လာလိုက် စမ်းလိုက် ပြီးရင် သူများတွေကို ဝေမျှလိုက်။ ညဘက် gtalk မှာ သူငယ်ချင်းတွေ မေးတာဖြေလိုက်။ အဲဒီလိုမျိုး အခုအချိန်မှာ မရနိုင်တော့ဘူး။ မေးသမျှလည်း ဖြေဖို့အချိန်မရှိတော့ဘူး။ MZ ကိုတောင် ဝင်ကြည့်လိုက် လိုအပ်မှ ဖြေလိုက်။ edu မှာ စာသင်ဖို့အတွက် စာတွေ ပြန်ဖတ်ဖို့တောင် မနည်းအချိန်ပေးနေရတယ်။ ကျောင်းသားတွေကသာ အသစ်သစ်တွေ ထွင်နိုင်တာပါ။ ကျောင်းသားတွေကသာ တိုင်းပြည်အတွက် ရတနာပါ။ အခုအချိန်မှာ တစ်ခုခု စမ်းဖို့အရေးမနည်း အချိန်ပေးရတာ။ လုပ်ချင်တာတွေရှိတယ်။ အရင်ကလို အချိန်ပေးပြီး စာဖတ်လို့မရတော့ဘူး။ ညဆို တစ်ခါတည်း အိပ် မနက်ဆို ၈ နာရီလောက်ပြန်ထဆိုတော့ နည်းနည်းလေးအားတဲ့ အချိန်မှာ online တက်လာပြီး အလုပ်တွေလုပ်နိုင်တာလေ။ အဲဒီမအားတဲ့အချိန်မှာ online ပေါ်တက်ပြီး အလုပ်လုပ်တဲ့အချိန်မှာ google မှာ ရှာလို့ရတဲ့ ဟာတွေ လာမေးတာတွေ့ရင်တော့ တော်တော်လေးပေါက်တာအမှန်ပဲ။ google မှာရှာကြည့်လိုက်ပါ။ MZ လည်းတက်လာပြီ။ MZ က တကယ်ကောင်းတဲ့ resource တွေ အများကြီးပါ။ ဘာအလုပ်မှမလုပ်ရပဲ internet ကို မြန်မြန်လေး သုံးရရင်တော့………

IT Field & Job

ဒီနေ့ကျောင်းမှာ seminer ပြောရတယ်…
အဲဒီအတွက် အကြမ်းရေးထားတာလေးပေါ့….
တကယ်တမ်း ပြောတဲ့အချိန် အဲလောက်မကြမ်းပါဘူး…
ဒီထဲကနေ အများကြီးလျှော့ပြီးပြောထားပါတယ်…
တခြားလိုအပ်တာတွေလည်း ထပ်ပြောဖြစ်တယ်….
ဘယ်လိုနေလဲတော့ မသိဘူး….
ဒါပေမယ့် ကောင်းကောင်းကြီး အားရပါးရပြောလိုက်တာပဲ…
Continue reading