cydia.macforus.com မှာတော့ တင်ထားတာတော့ ကြာပြီ။ ရေးထားတဲ့ သူကတော့ ရှိန်ြမင့်အောင် ပါ။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ လက်ရှိ iphone ကော iPad ကပါ jailbreak မလုပ်ထားပါဘူး။ jailbreak လည်း လုပ်လို့ မရသေးတာ ကြောင့်လည်း ပါတယ်။ အခုတော့ in app purchases ပိုင်း ရေးနေတဲ့ အတွက်ကြောင့် jailbreak လုပ်လို့ မရဘူး။ jailbreak လုပ်လိုက်ရင် in app purchases က development ပိုင်းမှာ အလုပ်မလုပ်တော့လို့ပါ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ ရပါတယ်။ ပြဿနာများကိုတော့ nasperlay.net မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။
Tag Archives: Unicode
Mywebfont Addon
mywebfont အကြောင်းကိုတော့ ကျွန်တော် ဒီမှာ ပြောခဲ့ပြီးပါပြီ။ သို့ပေမယ့် html ကို မသိ CSS လည်း မသိ ဆိုတဲ့ သူတွေ အတွက် အရန်သင့် addon တွေ ရှိလာပါပြီ။
WordPress : mmunicode embed
လက်ရှိတော့ Yunghkio Font တစ်ခု တည်းကိုပဲ support လုပ်ပါသေးတယ်။ နောက်များ အားရင်တော့ အခြား font တွေ ရွေးချယ်လို့ ရအောင် ထည့်သွင်း သွားပါမယ်။
Joomla : Unicode Embed
ကို zack ကို ဒီ မနက် ရုံးချိန်မှာ ရေးဖို့ တောင်းဆို လိုက်တော့ ချက်ချင်းပဲ ရေးပေးလိုက်ပါတယ်။
Joomla : Zawgyi Embed
ကို zack ကပဲ တစ်ခါတည်း ဇော်ဂျီ အတွက်ပါ ရေးထားပေးပါတယ်။
Drupal: Unicode Embed
ဒါကိုတော့ ကို everleaner က ရေးပေးထားပါတယ်။ အခု version မှာတော့ Yunghkio တစ်ခုပဲ အလုပ်လုပ်ပါသေးတယ်။
Vanilla 2 : Unicode Embed
လက်ရှိ MZ မှာ အသုံးပြုထားတဲ့ plugin ပါ။ ယွန်းချို တစ်ခုပဲ support လုပ်ပါသေးတယ်။
Addon တွေကို လွယ်လင့် တကူသွင်းပြီး အသုံးပြုခြင်းအားဖြင့် လက်ရှိ အသုံးပြုထားတဲ့ template မှာ ပြင်နေစရာမလိုတော့ပါဘူး။ နောင်တချိန် template ပြောင်းတဲ့အခါမှာလည်း သွားထည့်စရာ မလိုတော့ပါဘူး။
Continue reading
Fixed Mywebfont
ဒီနေ့ မင်းယွန်း က http://www.jbiznaz.com/ မှာ yunghkio အတွက် mywebfont သုံးထားပေမယ့် မမြင်ရဘူးလို့ ဆိုတာနဲ့ တော်တော်လေး စစ်လိုက်ရတယ်။ နောက်ဆုံး ပြဿနာက server ဘက်မှာ font file name ပေးဖို့ ကျန်ခဲ့တာ ဖြစ်နေတယ်။ အခုတော့ ပြန်ပြင်ပြီးပါပြီ။ နောက်ပြီး MZ မှာ မမြင်ရတာလည်း မသိလိုက်ဘူး။ မင်းယွန်း ပြောလို့ ပြင်လိုက်ပြီးမှပဲ MZ မှာလည်း မြင်ရတော့တယ်။ Mac မှာက masterpiece သွင်းထားတော့ အဆင်ပြေနေတာနဲ့ windows ကို ပြန်မစစ်မိလိုက်တာလည်း ပါသွားတယ်။ အခု source code ကို github မှာလည်း update လုပ်ပြီးပါပြီ။ Yunghkio ကို စက်ထဲမသွင်းထားတဲ့သူ တော်တော်များလို့ပဲလားတော့ မသိ ပြင်လိုက်ပြီး ၁ရက်တည်းနဲ့တင် bandwidth က 10% ဖြစ်သွားတယ်။ ၁ရက် ကို 1 GB bandwidth တော့ မရှိလောက်ပါဘူး။ ခံနိုင်မယ်လို့ ထင်တာပဲ။ အခြေအနေ စောင့်ကြည့်လိုက်အုံးမယ်။ bandwidth ကုန်ရင်တော့ ထပ်ဝယ်မယ်လို့ စဉ်းစားထားတယ်။
Happy at MZ Gathering
ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။
MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ မှတ်တာ တော်သေးတာက exiter နဲ့ gipsy တို့ ရောက်နေတော့ ဆိုင်ထဲကို နေရာရွှေ့ထားပေးလို့။ ကျွန်တော် ရောက်မှပဲ ပွဲ စဖြစ်တာပေါ့။ ရောက်ရောက်ခြင်း လူတွေ မိတ်ဆက်တော့ ဟိုးအရင်တုန်းက ကျွန်တော် သိတဲ့ ကလေးတွေတောင် လူငယ်တွေ ဖြစ်ကုန်ပြီပဲ ဆိုတာ သိရတယ်။ ဟိုအရင် planet forum တွေ ခေတ်စားတုန်းက ကလေးတွေတောင် တော်တော်အသက်တွေကြီးလာပြီပဲ။ ငါလည်း တော်တော်အသက်ကြီးသွားပြီပဲလို့တောင် တွေးမိသေးတယ်။
Continue reading
MZ is ready to change Unicode
Python converter နဲ့ ပြောင်းတာ အဆင်မပြေတာနဲ့ ကိုယ့်ဘာသာ ရေးထားတဲ့ PHP ကို ပြန်စမ်းကြည့်ဖို့ စဉ်းစားထားတာ ကြာပြီ။ MZ ကို ပြောင်းဖို့ ကြည့်လိုက်တော့ နောက်ပိုင်းရေးထားတဲ့စာတွေက Latin မှာသွားသိမ်းထားတာ လိုမျိုး ပုံစံတွေနဲ့ ဆိုတော့ PHP code နဲ့က အဆင်မပြေဘူး။ ကို ရာဗီ ကိုတော့ ပြောင်းတာ error တက်တာ ပြောထားသေးတယ်။ ဒေါက်တာ ကာဘွန် ရေးထားပေးတဲ့ java converter နဲ့တော့ မစမ်းရသေးဘူး။
MZ database က 500 MB လောက် ရှိတယ်။ ဒါကြောင့် ပြောင်းရခက်နေတာ။ Unicode ပြောင်းတာနဲ့ အတူတူ vanilla ကိုလည်း ပြောင်းမှာဆိုတော့ Vanilla ကို export လုပ်လိုက်တယ်။ file size က 200 MB လောက်ပဲ ရှိတော့တယ်။ အဲဒီ sql ကို ကိုရာဗီ ရဲ့ python နဲ့ ပြောင်းတာလည်း မရဘူး။ ဒါနဲ့ မနေ့က လေယာဉ်ပျံ ပေါ်မှာ php converter ကို ထပ်ပြီး update လုပ်ပြီး ရေးလိုက်တယ်။ အဓိက ပြဿနာက memory ပဲ။ ဒါနဲ့ *nix အဓိက ဆင်းပြီး shell script ရေးရင်း ကောင်းမလားလို့ တောင် စဉ်းစားသေးတယ်။ shell script ဆိုတာနဲ့ ဘာကို သွားစဉ်းစားမိလဲဆိုတော့ cat နဲ့ > filename ကို သွား သတိရတယ်။ cat ကတော့ *nix တွေမှာ file read တဲ့ အနေနဲ့ ခေါ်ပြီး php zg_cli.php > output.txt ဆိုရင် output အနေနဲ့ file write သွားပေးတယ်။ php က file write တာ မဟုတ်ပဲ os က သွား write ပေးတာ ဖြစ်တော့ နည်းနည်း ပိုမှန်တယ်။
Continue reading
Change Unicode in Blogspot
Blogspot မှာ unicode ဘယ်လိုပြောင်းရမလဲ ဆိုသူတွေအတွက် ရေးထားပါတယ်။
ပါဝင်တာတွေက
လက်ရှိ Blogspot ကို Unicode ပြောင်းခြင်း။
လက်ရှိ Unicode Blog ကို font embed နဲ့ CSS ထည့်ခြင်း
MM Unicode font on cydia
iOS အတွက် jailbreak MM Unicode ကို http://cydia.macforus.com မှာ ရပါပြီ။
Zawgyi Font သွင်းထားရင်တော့ သုံးမရပါ။ ဒါကြောင့် လက်ရှိ Zawgyi သွင်းထားသူများအနေနဲ့ကတော့ Zawgyi ကို ဖြုတ်ဖို့လိုပါတယ်။
Remove Zawgyi from iOS
၁. Zawgyi Font iOS Uninstaller ကို အရင် သွင်းပါ။
၂. ပြီးလျှင် Zawgyi Font iOS ကို update လုပ်ပါ။
၃. Zawgyi Font iOS ကို Uninstall လုပ်ပါ။
၄. နောက်ဆုံး Zawgyi Font iOS Uninstaller ကို Uninstall ထပ်လုပ်ပါ။
ဒါဆိုရင် Zawgyi Font iOS uninstall လုပ်ပြီးပါပြီ။
Install Unicode Font
Go to Cydia > Sources > Edit > Add
မှာ http://cydia.macforus.com ကို ထည့်လိုက်ပါ။
ပြီးလျှင် package ကို သူ update လုပ်သွားပါမယ်။
cydia.macforus.com ကို ထည့်ပြီးတဲ့သူတွေကတော့ Changes မှာ Refresh ကို နှိပ်လိုက်ရုံပါပဲ။
ပြီးလျှင် Sections > Zawgyi > MM Unicode Font ကို သွင်းလိုက်ရင် ရပါပြီ။
သွင်းပြီးရင် respring လုပ်ပါလိမ့်မယ်။ ပြီးလျှင် ရပါပြီ။ စက်ကို restart ချစရာမလိုပါ။ Uninstall လည်း ပြန်လုပ်လို့ရပါတယ်။
FAQ About Uni
အားရင်တော့ Myanmar Unicode For dummie ဆိုပြီး စာအုပ်လေး ရေးမလား စဉ်းစားနေတယ်။ အခုတော့ ကိုမျိုးကျော်ထွန်း မေးထားတဲ့ မေးခွန်းတွေကို အတိုဆုံး ဖြေထားပေးပါတယ်။
1. ဘာလို့ Unicode သုံးသင့်သလဲ။
Unicode ဟာ standard ပါ။ နောင်တချိန်မှာ ပြောင်းလဲသုံးစွဲရမယ့် standard တစ်ခုပါ။ လက်ရှိ app translaction တွေကလည်း unicode နဲ့ပဲ လုပ်နေတာပါ။
( အခု အချိန်မှာ မဖြစ်မနေ သုံးရမယ်တော့ မဟုတ်ပါ။ )
2. Standard Unicode List တွေက
လက်ရှိ ရှိနေတဲ့ Standard Unicode တွေက
၁။ Myanmar 3 ( Mac မှာ မရ )
၂။ ပိတောက် ( Mac မှာ မရ )
၃။ ပုရပိုက် ( Mac မှာ မရ )
၄။ သံလွင် ( Mac မှာ မရ )
၅။ ဝင်း အင်းဝ Uni ( Mac မှာ မရ )
၆။ ဝင်း အင်းဝ ကလော ( Mac မှာ မရ )
၇။ MyMyanmar
၈။ ယွန်းချို ( Mac မှာ မရ )
၉။ Masterpiece Uni Sans ( Only For Mac )
၁၀။ Xentotype (Only For Mac but not free )
Xentotype လွဲပြီး ကျန်တာတွေ အကုန် download လုပ်လို့ရပါတယ်။ Download link တွေကို မကြာခင် ထည့်ပေးပါ့မယ်။ ပြန်စုနေလို့ပါ။


