Wiki မှာ code တွေ ထည့်ရတာ ပင်ပန်းတယ်။ list တွေ လုပ်ရတာ နားမလည်ဘူး။ Table ဆောက်ရတာ ခက်တယ်ဆိုတဲ့သူတွေအတွက် video လေးလုပ်ပေးထားပါတယ်။ Word မှာ ရိုက်ထားတာတွေကိုလည်း TinyMce ထဲ copy paste လုပ်ပြီး HTML ပြောင်းလိုက်လို့ရပါတယ်။
Tag Archives: wiki
Flowchart
အခုနောက်ပိုင်း ကျောင်းမှာ Flowchart မသင်တော့ဘူးလို့ ကြားတယ်။ ကျွန်တော်တို့တုန်းကတော့ သင်သေးတယ်။ ကျွန်တော် programming မသင်ခင်တုန်းက pseudo နဲ့ flowchart ကို စတင်ခဲ့ရတယ်။ တနည်းပြောရင် အခြေခံကောင်းတယ်လို့ ဆိုလို့ရတယ်။ programming ပထမဆုံး စပြီး သင်ဖြစ်ခဲ့တာက ဗိုလ်တထောင် DSE တက်တုန်းကပေါ့။ အဲတုန်းက Pseudo နဲ့ Flowchart ကို ဆရာမ အေးမွန် သင်ပေးခဲ့လို့ တော်တော်လေးကို နားလည်တယ်သွားတယ်။ Continue reading
Unicode , Wiki , Egress ကျောင်းဆင်းပွဲ
ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့ အကုန်လုံးက အဆိုပြုသတ်မှတ်လိုက်တာပဲဗျ။ အကောင်းနဲ့ အဆိုးကတော့ ရှိနေတာပဲဗျ။ ကိုငွေထွန်းကတော့ Font Convertor ရှိတယ် နောက်ပြီး MySQL, MSSQL database တွေကိုပြောင်းပေးနိုင်တယ်။ File တွေကို ပြောင်းပေးနိုင်တယ်။ နောက်ပြီး keyboard လက်ကွက်မပြောင်းဘူး။ လိုအပ်တဲ့ technical support ကိုပေးမယ်လို့ ဆိုပါတယ်။ တကယ်တန်းတော့ ကြီးများတဲ့ porject တွေမှာတော့ သုံးသင့်နေပြီလေ။ ဇော်ဂျီကလည်း ရှိနေအုံးမှာပဲ။ နောက်ပြီး ဝင်း တို့ CE တို့ကလည်း ပျောက်သွားမှာမဟုတ်ဘူး။ အဲလိုပဲ Unicode 5.1 ကတော့ သုံးသင့်တဲ့နေရာမှာ သုံးသင့်နေပြီ။ အခုအခါမှာ မကြာခင်မှာ rendering အတွက် installer တစ်ခု ထုတ်ပေးမယ်။ အရမ်းကောင်းပြီး အရမ်းလွယ်တဲ့ installer ပဲ။ အဲဒါလေး အသုံးပြုလိုက်ရင် Windows XP service pack ဘယ်လောက်ဖြစ်ဖြစ် ရတယ်လို့ ကိုငွေထွန်းကို ပြောပါတယ်။
We will change MZedu
ယခုလက်ရှိ MZ edu မှာ moodle ကို အသုံးပြုထားခြင်းဖြစ်သည်။ moodle သည် Course Mangement System ဖြစ်သော်လည်း user friendly မဖြစ်ခြင်း။ ဆရာ ဆရာမများအတွက် သင်ကြားရသည်မှာခက်ခဲခြင်း။ bagan မှ ဝင်လျှင် အလွန်ကြာမြင့်တတ်ခြင်းတို့ကြောင့် ပြောင်းလဲမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
Continue reading