စွယ်စုံရတဲ့ စွယ်စုံကျမ်း

ကျွန်တော်တို့တွေ ပုံမှန် သုံးနေကျ software တွေ သုံးရတာ ပျင်းလာပြီ။ အသစ်သစ်တွေ စမ်းသုံးချင်တယ်။ Free & Opensource တွေ စမ်းသုံးချင်တယ်။ ဘယ်မှာ သွားရှာမလဲ။ လူတိုင်းလွယ်လွယ်ကူကူ ဖြေကြပါလိမ့်မယ်။ google မှာ ရိုက်ရှာပေါ့။ ဒါပေမယ့် google က ရလဒ်က စုစည်းထားတဲ့ ရလဒ်မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ wikipedia မှာပဲ ရှာတယ်။ ကဲ… ထားပါတော့။ Web Browser ကို firefox ကြီးသုံးရတာ ပျင်းလာပြီ။ Opera ကိုလည်း သုံးဘူးတယ်။ IE ကလည်း မသုံးချင်ဘူး။ ဘာအသစ်တွေရှိသေးလဲ။ မသုံးရသေးတာ ဘာတွေရှိသေးလဲ။ Google မှာ ရှာလို့ကတော့ မူးနောက်သွားနိုင်ပါတယ်။

Continue reading

My.wikipedia.com

အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်.. Continue reading