Node.js 0.4.9 released

Version 0.4.9 မှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာ မပါပါဘူး။ အကုန်လုံးနီးပါးက bug fixed တွေ လုပ်ထားတာ များပါတယ်။ အသစ်ဆိုလို့

  • Upgrade V8 to 3.1.8.25, upgrade http-parser.

ပဲပါတယ်။

နောက်ထပ် သတင်း တစ်ခုက Node.js version 1.0 မှာ windows အတွက်ပါ ရပါလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Microsoft က ကူညီနေပါတယ်။ Microsoft က သူ့ရဲ့ Windows Azure မှာ node.js run လို့ ရအောင် ဖန်တီးမယ့် ပုံပေါ်ပါတယ်။ ဘာပဲပြောပြော Windows သမားတွေအတွက် သတင်းကောင်းပါ။ သို့ပေမယ့် Driver တွေကတော့ ပြဿနာတွေ ရှိနေဆဲ ဖြစ်အုံးမယ်ထင်တယ်။

Download

Windows Phone 7 Really ?

ကြော်ငြာကြည့်ရတာ အခု iPhone သမားတွေ ဖြစ်နေတဲ့ ပုံနဲ့ တော်တော်တူပါတယ်။ ကြည့်ရတာ Windows Phone 7 ကလည်း iPhone လိုမျိုး အောင်မြင်မယ်လို့ မျှော်မှန်းထားပုံပဲ။ Oct 11 ပတ်ဝန်းကျင်လောက် ထွက်မယ်နဲ့တူပါတယ်။ အခုထက်ထိတော့ ကောလဟာလတွေပဲ ရှိသေးတယ်။ Oct မှာတော့ ထွက်မှာ သေချာပါတယ်။
Continue reading

Zawgyi Keyboard for Windows Mobile

Alpha ကနေ Zawgyi Keyboard နဲ့ font ကို Windows Mobile အတွက် လုပ်ပေးလိုက်ပါပြီဗျာ။ ကျွန်တော့်မှာ Windows Mobile မရှိသလို သူငယ်ချင်းတွေထဲမှာလည်း သုံးတဲ့လူမရှိတော့ ရှိတဲ့သူတွေ စမ်းပြီး အကြောင်းပြန်ပေးကြပါအုံး။

အဲဒါလေးသွင်းပြီးရင်တော့ Windows Mobile မှာ ဇော်ဂျီရိုက်လို့ရပြီး SMS ကို ဇော်ဂျီနဲ့ ပို့လို့ရမယ်လို့ ထင်ပါတယ်။ ကဲ.. စမ်းပြီးရင်တော့ ပြန်ပြောဖို့ မမေ့နဲ့အုံးဗျာ။

Download Here

Tip:

1. Copy your font file (usually with the *.ttf extension) from the Fonts folder on your PC to the “/Windows/Fonts” folder on your mobile device. Be sure to note down the internal name of the font by double-clicking on the file in Explorer, in this case “Segoe UI”

2. Using your favorite registry editor (desktop based mobile registry editor, CeRegEditor, is handy), navigate to HKEY_LOCAL_MACHINE\System\GDI\SysFnt

3. Find the key named “Nm”. Replace its value (usually Tahoma) with the internal name of the font you want to replace , in this case “Segoe UI”

4. Repeat Step 3 for “HKLM\SYSTEM\GWE\Menu\Menufnt\Barfnt” and “Popfnt”

5. Finally change the value of “Tahoma” under HKEY_LOCAL_MAHINE\SYSTEM\GDI\FontAlias, to the name of the Font you want to replace i.e. “Segoe UI”

6. Soft Reset the device.

source : http://www.slideshare.net/hvdsomp/memento-time-travel-for-the-web

Alpha မှ ကိုရဲမြတ်သူ ဖြည့်စွက်ချက် ။ ။

နှိပ်တာကတော့ ရိုးရိုးရယ် shift ရယ်ဆို စာလုံးပြောင်းပြီး နှစ်ထပ်တွေအတွက် ctrl ကိုသုံးပါတယ် အားနဲချက်က စာလုံး အောက်ကို
ရွေ့ပေးပေမဲ့ ချမည့်စာလုံးကီးဘုတ်မှာ ပေါ်မလာခြင်းပါ။  ရေးသား ပေးသူက credit က singapore က ကို အာကာ ဖြစ်ပါတယ်။ sms အတွက် ကတော့ windwos default က zawgyi မလုပ်ရင် မပေါ်ပါဘူး။ အဲဒါသီးခြားလုပ်ရပါတယ် font ပြောင်းလို့ရတဲ့ sms program
တွေမှာပြောင်းသုံးလို့ ရပါတယ်။ reg မှာ ပြောင်းလို့ဘဲ ရပါတယ်။

Win 7

အခု လက်ရှိ Win 7 သုံးနေတယ်။ တောှတောှလေးကို ကောင်းပါတယ်။ Vista ကို ပြန်ပြီး upgrade လုပ်ထားတာပါ။ ကြည့်ရတာ Vista ကို အချိန်မမှီပဲ ထုတ်လိုက်လို့လားမသိဘူး တောှတောှလေး စုတ်ပြတ်နေတဲ့ Vista ပါ။ ဒါပေမယ့် Win 7 မှာ Vista ကို အများကြီး ပြင်ထားလိုက်တယ်။ Boot တက်တဲ့အပိုင်း အရမ်းမြန်လာတယ်။ Aero Effect သုံးရင်တောင် Memory က မစားတော့ဘူး။ Kaspersky 2010 online update လုပ်နေပြီး itune ဖွင့် သီချင်းလည်းနားထောင် ၊ Aero effect သုံးထားတာတောင် Memory 1.2 GB ပဲ ရှိတယ်။ Vista မှာ ဘာမှ မလုပ်ပဲ ထားရင်တောင် 1.5 GB ယူနေတာ။ itune ဖွင့်လိုက်ရင် နှေးကျသွားပေမယ့် Win 7 မှာ itune နဲ့ကော kaspersky 2010 နဲ့ကော အဆင်ပြေတယ်။ Kaspersky 2010 မတိုင်ခင်က version တွေတော့ သုံးမရတော့ဘူး။ အချို့ software တွေလည်း နောက်ဆုံး version မှ အဆင်ပြေတယ်။ deamon-tool ဆိုရင်လည်း ပြန်ပြီး download ချပြီး သွင်းရတယ်။
Continue reading

Microsoft လိမ်နေသည်။ Microsoft ညာနေသည်။

http://linuxologist.com/advocacy/microsofts-best-buy-lies-about-linux-debunked/

အဲဒါလေး ဖတ်ကြည့်လိုက်ပါ။ Microsoft Windows 7 က Linux ထက်သာတယ်လို့ ပြောထားတဲ့ အချက်လေးတွေကို ပြန်ရှင်းထားတယ်။ နောက်ပြီး Linux လုပ်နိုင်တာလေးတွေကို

http://linuxologist.com/advocacy/9-linux-myth-debunked/

အဲမှာ ဖတ်ကြည့်နိုင်ပါတယ်။

Add Windows Command Here

တခြားလူတွေတော့ လိုလားမသိဘူး။ ကျွန်တော့်အတွက်တော့ command က မဖြစ်မနေ သုံးရတာပါ။ Vista မှာတော့ shift+ right click ဆိုပေါ်လာပါတယ်။ ဒါပေမယ့် XP မှာတော့ မပေါ်ဘူးဗျ။ ကျွန်တော်ဆို အရမ်းစိတ်ညစ်တယ်။ windows xp မှာတော့ အဲဒီ feature မပါဘူး။ ဒါနဲ့ googling လုပ်ကြည့်တော့ ဒီ registery file လေးနဲ့ တွေ့ပြီးတော့ အဆင်ပြေသွားတယ်ဗျ။ Folder ပေါ်မှာဖြစ်ဖြစ် Drive ပေါ်မှာဖြစ်ဖြစ် right click နှိပ်လိုက်ရင် Open Command Windows Here ဆိုတာလေးပေါ်လာပါလိမ့်မယ်။ အဲဒီဟာလေးကို နှိပ်လိုက်ရင် cmd မှာ အဲဒီ Folder နေရာကို ရောက်သွားပါလိမ့်မယ်။ run ကနေ တဆင့် cd တွေ အဆင့်ဆင့်သွားစရာမလိုဘူးပေါ့ဗျာ။

Without Windows OS

ကျွန်တော်တို့တွေ စိုးရိမ်ကြောက်ရွံ့နေရတယ်။ တကယ့်ကို international လိုင်စင်ကြီးနဲ့ windows ကိုဝယ်သုံးရရင် ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သိပ်ပြီးကြောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့တွေဟာ Linux မိသားစုကို ရင်းရင်းနှီးနှီးရှိလာလေပြီ။ ဒါပေမယ့်လည်း windows က program တော်တော်များများ run မရတာ။ windows နဲ့မတူတဲ့အပိုင်းတွေ များတာကြောင့် Windows ကနေ Linux ကိုချက်ခြင်းပြောင်းသုံးဖို့က အဆင်မပြေသေးပြန်ဘူးလေ။ ဒီလိုမျိုး user အတွက်

Continue reading

Traditional Launcher in Windows

Launcher တွေ Dock တွေက windows အတွက် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကြိုက်တော့ မတွေ့ဘူးဗျ။ ကျွန်တော့် အကြိုက်ဆုံး Launcher ကတော့ ဝေဖြိုးပြောပြတဲ့ run ကနေ သွားတာပဲဗျ။ ကျွန်တော် အရင်ကတည်းက run ကနေပဲ သွားတာ။ ဝေဖြိုးရေးတာ တွေ့တာနဲ့ပဲ ကျွန်တော်လည်း ပြန်မျှဝေလိုက်ရတာ။

Continue reading