မနေ့တုန်း အစည်းအဝေးမှာ blog content တွေအကြောင်း ပြောတယ်။ company တစ်ခုရဲ့ blog content က အရေးပါသလို ငွေပေါင်းမြောက်မြားစွာ ရအောင်လည်း ဖန်တီးပေးနိုင်တယ်ဆိုတာလည်း သိလိုက်ရတယ်။ CMS နဲ့ blog က မတူပါဘူး။ ဆင်မယောင်နဲ့ ကွဲပြားပါတယ်။ CMS ဖြစ်တဲ့ joomla တို့ drupal တို့ နဲ့ blog engine ဖြစ်တဲ့ wordpress တို့နဲ့ ပုံစံ သွင်ပြင်ကွာပါတယ်။ အတော်များများက CMS နဲ့ blog မကွဲပြားကြဘူး။
Continue reading
Tag Archives: wordpress
#MEMO Load WordPress Core
//not use theme
define(‘WP_USE_THEMES’, false);
//load wordpress core
require(‘./wp-blog-header.php’);
testing iphone wordpress 2
write from iPhone wordpress 2 app
Testing Post Thumbnail
I love wordpress so much. WordPress 2.9 support Post Thumbnail.
add following code in function.php of theme. You will see Post Thumbnail in right sidebar. You can add Post Thumbnail.
add_theme_support( ‘post-thumbnails’ );
see more in there
http://justintadlock.com/archives/2009/11/16/everything-you-need-to-know-about-wordpress-2-9s-post-image-feature
WordPress beyond the Blog
WordPress ကို အများစုက Blog လုပ်တဲ့ script အနေနဲ့ပဲသိကြပါတယ်။ WordPress က blog တစ်ခုထပ်ပိုပါတယ်။ ကျွန်တော်တို့တွေ wordpress ကို အသုံးပြုပြီးတော့ အများကြီး ဖန်တီးလို့ရတယ်။ WordPress မှာ မြောက်များလှတဲ့ Plugins တွေ ကောင်းမွန်လှတဲ့ supporting တွေ ရှိပါတယ်။ WordPress ကို အသုံးပြုပြီး ကျွန်တော်တို့တွေ ဘာတွေ လုပ်နိုင်လဲဆိုတော့
၁။ Social Network
၂။ Showcase ( Photo, Video, any other showcase )
၃။ Website (CMS)
၄။ e-Commerce
အပြင် အခြား အများကြီး လုပ်လို့ရပါသေးတယ်။ WordPress ကိုလည်း ကိုယ်ရေးထားတဲ့ Site နဲ့လည်း လွယ်လွယ်ကူကူ Integrate လုပ်နိုင်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့အချက်က Plugins တွေ ရေးလို့ရတယ်။ Theme တွေ ရေးလို့ရတယ်။ အဲဒီအတွက်ကတော့ PHP နဲ့ Web Essential ပိုင်းကိုတော့ မဖြစ်မနေ သိဖို့ လိုတယ်။
WordPress တစ်ခုလုံးမှာ တကယ်အဓိက အပိုင်းက template ပါ။ Template ပုံစံကတင် CMS လား Blog လားကို ခွဲထုတ်ပေးတာပါ။ Template ကပဲ Showcase site ပုံစံပြောင်းပေးတာပါ။ e-Commerce လိုမျိုး site ကလည်း template နဲ့ plugins ကို အသုံးပြုရပြန်ကော။ Social Network အတွက် Layer တစ်ခုဖြစ်တဲ့ buddypress ကို အသုံးပြုနိုင်တယ်။ Forum နဲ့တွဲချင်ရင်လည်း bbpress ဆိုတဲ့ forum နဲ့ လွယ်ကူစွာ တွဲသုံးလို့ရတယ်။ အခြား Forum တွေနဲ့ bridge တွေရှိတတ်ပါတယ်။ တကယ်လို့မရှိဘူးဆိုရင်လည်း ကိုယ်တိုင်ပြန်ရေးနိုင်ပြီး WordPress ရဲ့core function တွေကို ယူသုံးလို့ရပါတယ်။
Plugins တွေ ဘယ်က ရမလဲ
Plugins ပေါင်း ၈၀၀၀ နီးပါး ရှိပြီး နေ့စဉ် plugins အသစ်တွေ တင်နေတာကတော့ http://wordpress.org/extend/plugins/ မှာပါ။ Plugins တော်တော်များများက ရိိှနေတတ်ပါတယ်။ ဒါကြောင့် အရင်ရှာကြည့်လိုက်ပါ။ WordPress ကိုယ်တိုင်က Plugins တစ်ခုမရေးခင် အရင်ရှာကြည့်ဖို့ request လုပ်ထားပါတယ်။ လိုအပ်တဲ့ plugins တော်တော်များများ ၇ိှပြီးသားပါ။
Plugins တွေက ဘာလုပ်ပေးနိုင်လဲ
Plugins က လိုအပ်တာတွေ ဖြည့်ပေးနိုင်တယ်။ ဥပမာ Gallery , Syntax Highlighting အပြင် တော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ WordPress သမာရိုးကျက ရိုးရှင်းတဲ့ Blog အတွက်ပဲ ဖြစ်ပေမယ့် Plugins တွေကို အသုံးပြုပြီး သီချင်းတွေထည့်တာ Picture Gallery တွေ လုပ်တာ Video Gallery တွေလုပ်တာ စတာတွေကို ကိုယ့် Post တွေထဲမှာ ထည့်သွင်းလာနိုင်မှာပါ။ Plugins တွေကအများကြီးဖြစ်ပြီး ကိုယ်ဘာလုပ်ချင်လဲပေါ်မှာ မူတည်ပြီး ဖန်တီးယူရုံပါပ၊
Plugins ဘယ်လိုရေးမလဲ
http://codex.wordpress.org/Writing_a_Plugin မှာ သေသေချာချာ ရေးပေးထားပါတယ်။ နည်းနည်းတော့ ရှုပ်ပေမယ့် တကယ်လုပ်ရင်တော့ ရသွားမှာပါ။
Theme ဆိုတာ
Theme ဆိုတာကတော့ ကိုယ့် site ရဲ့ skins ပေါ့။ တနည်းပြောရင် Design ပေါ့။ site တစ်ခုလုံး ပုံစံကို Theme က အဓိက ပုံပေါ်ပေးတာပါ။ ဥပမာ Jquery Slideshow တွေ ထည့်တာ နောက်ပြီး macforus.com မှာလို ပုံတွေမှာ အမြဲ ဘယ်ဘက်မှာ icon လေးတွေ ပါနေတာ စတာတွေပေါ့။ Post တင်တဲ့နေရာရဲ့ အောက်မှာ Custom Fields ဆိုတာ ပါပါတယ်။ အဲဒါက Template နဲ့ တွဲသုံးဖို့အတွက်ပေါ့။ Template ဆိုတာက Archive template, Page Template, Single Template စတာတွေပေါ့။ Theme က ကိုယ့် site က ဘာ site လဲဆိုတာကို ဖန်တီးပေးသွားတာပါ။ CMS ဆိုရင် CMS Theme ကို အသုံးပြုလိုက်ရုံပါပဲ။
Theme တွေ ဘယ်ကရမလဲ
http://wordpress.org/extend/themes/ မှာရှိပေမယ့် google ကနေ ရှာလိုက်တာ ပိုသင့်တောပါတယ်။ Theme တွေအများကြီးရှိပါတယ်။
Theme တွေ ဘယ်လိုရေးမလဲ
http://codex.wordpress.org/Main_Page မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ Theme ရေးမယ်ဆိုရင် template tag တွေကို သိထားဖို့ လိုပါတယ်။
Integrate with your own PHP site
http://codex.wordpress.org/Integrating_WordPress_with_Your_Website မှာ ကြည့်လိုက်ရုံပါပဲ။ wp-blog-header.php ကိုလှမ်းခေါ်ပြီး wordpress template tag တွေ ခေါ်သုံးလို့ရပါပြီ။
WordPress ဟာ Blog တစ်ခုဆိုတာထက် ပိုပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ community နဲ့ forum ရှိပါတယ်။ http://wordpress.org/support/ မှာ WordPress နဲ့ ပတ်သက်ပြီး မသိတာတွေ မေးလို့ရပါတယ်။ WordPress မှာ အဆင်မပြေတာ တစ်ခုကတော့ User Level တွေအများကြီး မပါဝင်တာပါပဲ။ User Level တွေ Permission တွေ လိုသလို ထပ်ခွဲလို့မရတာကတော့ အချို့ ကိစ္စတွေမှာ အခက်ကြုံရတတ်ပါတယ်။
WordPress , Drupal , Google Apps API
အခုတလော WordPress , Drupal , Google Apps API တွေနဲ့ ပဲ ရှုပ်နေတာပဲ။
WordPress
wordpress ကတော့ ပြဿနာမရှိဘူး။ ဒါပေမယ့် လုပ်လိုက်တော့ ပိုသဘောကျပြီး ပိုလုပ်တတ်သွားတယ်။ wordpress customization တစ်ခုလုံးက template ကစားသွားတာပဲ။လိုအပ်တဲ့ plugins တွေ ထပ်ရေးနေတာထက် template လေး တစ်ခုဆောက်တာက ပိုပြီး ထိရောက်မြန်ဆန်တယ်။ template လေးကစားသွားလိုက်ရုံနဲ့ တော်တော်လေးကို ထိထိရောက်ရောက် ဖြစ်သွားတာပဲ။ wordpress မှာလည်း သူ့ function တွေ ခေါ်ယူပြီးတော့ စိတ်ကြိုက်ပြုပြင်လို့ရတာတော့ တော်တော်မိုက်တယ်။ function တွေလည်း ပြည့်ပြည့်စုံစုံပေးထားတော့ အဆင်ပြေတယ်။ ဟိုတစ်ခါက MZ မှာ emo မေးထားဘူးတယ်။ wordpress က page နောက်တစ်ခုအတွက် template ပုံစံပြောင်းလို့မရဘူးတဲ့။ အဲဒါတော့ ဟုတ်ပါတယ်။ ဟုတ်လည်း မဟုတ်ပြန်ဘူး။ ကိုယ့်ဘာသာကိုယ် template page တစ်ခု ထပ်ဖြည့်လိုက်ပြီး လိုအပ်တဲ့ ပုံစံပြောင်းလို့ရတယ်။ ကိုယ်လိုချင်တဲ့ file တွေကိုလည်း include တွေနဲ့ ထပ်ဖြည့်လိုက်ပြီး လိုသလို ပြောင်းလို့ရပါတယ်။ ရေးရတာလည်း မခက်ပါဘူး။
<?php /* Template Name: Snarfer */ ?>
ဆိုရင် template တစ်ခုဖြစ်သွားပြီး ကိုယ်လိုသလို page မှာ ခေါ်ပြီး ပြောင်းလဲရေးလို့ရပါတယ်။ codex မှာ အပြည့်အစုံ ရှိပါတယ်။ WordPress ကိုတော့ အရင် ကတည်းက crazy ဆိုတော့ wordpress ပိုင်းလုပ်ရတာ သိပ်ခက်ခဲလှတယ်မဟုတ်ဘူး။ အားရင်တော့ plugins လေးတစ်ခု ထပ်စမ်းရေးကြည့်အုံးမယ်။ admin panel setting ပါတဲ့ plugins မရေးဘူးသေးဘူးဆိုတော့ အဲဒါလေး စမ်းကြည့်မယ်။ ဘယ်လိုရေးရမလဲဆိုတာ စာတွေ့ပဲရှိတယ်။ အခြား admin panel setting မပါတာတွေတော့ ရေးဘူးတယ်။
Drupal
အရင်ကတည်းက မကြိုက်။ အခုတော့ ပိုဆိုးပေါ့။ Drupal အစစ်ကြီးဆိုလည်းထားလိုက်။ အခုက သူက ကျွန်တော်တို့wordpress မှာ လုပ်သလို template ကစားထားတာကို ပြန်ပြင်နေရတာ။ လုပ်သွားတဲ့သူက Drupal ကို တော်တော်လေး ကျွမ်းကျင်တယ်။ Admin Panel တစ်ခုလုံးလည်း ပြောင်းချသွားတယ်။ ကိုယ်ပိုင် module တွေလည်း ထပ်ဖြည့်သွားတော့ ဘယ်ဟာကို ဘယ်မှာ ပြင်ရမှန်းမသိပဲ ဖြစ်ကုန်ရော။ online မှာလည်း ရှာမရနဲ့။ ဒီလိုပဲ စမ်းတဝါးဝါးနဲ့ လုပ်ရင်း တော်တော်အဆင်ပြေလာတာပဲ။ Drupal လည်း တော်တော်ကောင်းတယ်။ သူ့ကို ကျွမ်းကျင်ရင် တော်တော်လေးကို လုပ်လို့ရတာပဲ။ စိတ်ကြိုက် ဖန်တီးလို့ရတယ်။ သူလည်း wordpress လိုမျိုးပဲ။ သူက wordpress ထက်သာတဲ့ အပိုင်းတွေ အများကြီးပဲ။ သူက ကောင်းပေမယ့် ရှုပ်လွန်းတယ်။ function တွေ များတော့ GUI လည်း ရှုပ်ကုန်ကော။ သူ့ရဲ့ သဘောတရားနားမလည်လို့လား မသိဘူး။ သူက နည်းနည်းရှုပ်ထွေးတယ်။ CMS သဘောတရားကို အပြည့်အဝသုံးထားပြီး block တွေဘာတွေနဲ့ စနစ်တကျတော့ ရှိတယ်။ wordpress က CMS လုံးလုံးကို မဟုတ်ပေမယ့် လုပ်ကြံပြီး အမြင်မှာ CMS ထင်အောင် တော့ ဖန်တီးနိုင်တယ်လေ။
Google Apps API
ခေါင်းအစားဆုံး အပိုင်းပဲ။ Zend အတွက်ပဲ support ရှိတယ်။ Zend framework မသုံးပဲ Zend Library အပြည့်အဝ သုံးလိုက်ရင်တော့ ရတယ်။ ဒါပေမယ့် Domain share contact က .NET အတွက်ရှိတယ်။ python အတွက်ရှိတယ်။ PHP Native အတွက် မရှိပြန်ဘူး။ Protocol သုံးရင်တော့ အကောင်းဆုံးဆိုပြီး သုံးဖို့လုပ်ပြန်ကော။ oAuth , AuthSub တွေကတော့ PHP Native နဲ့ အဆင်မပြေပြန်ဘူး။ oAuth က သီးသန့် ထပ်သွင်းရအုံးမယ်။ oAuth သွင်းဖို့အတွက်ကလည်း အထက်ကို report လုပ်ရအုံးမယ်။ ဒါတောင် စမ်းဖို့။ အချိန်ကလည်း သိပ်မရတော့ နောက်ဆုံး python ကို background ထားပြီး PHP နဲ့ front end လုပ်ပလိုက်တယ်။ Domain share contact ကလည်း 24 hours ကြာတယ်။ contact ထဲကို ဝင်ဖို့ အဲလောက်တောင် စောင့်ရတယ်။ လူတွေကလည်း သိတဲ့အတိုင်း အခုထည့် အခုမြင်လိုချင်ကြတာ။ ဒါပေမယ့် domain share contact က မရတော့လည်း ဘယ်တတ်နိုင်မလဲ။ export ကလည်း တစ်ခါတစ်လေ မထွက်။
Google Map API လုပ်ထားတာတော်တော်ကောင်းသလောက် google apps api လုပ်ထားတာကို သိပ်သဘောမကျဘူး။ လူအသုံးများတာကို support မလုပ်ပဲ အဆင့်တွေ အများကြီးနဲ့ ရှုပ်နေတယ်လို့ ထင်တာပဲ။ facebook connect လိုမျိုး api ဆိုလည်း တော်တော်လေးကောင်းတယ်။ ရိုးတယ်။ ရှင်းတယ်။ လွယ်တယ်။ Google Apps Engine ကတော့ java နဲ့ python ပဲ။ Google Apps အဖွဲ့တစ်ခုလုံးက အဓိက python ပဲ သုံးတယ်ထင်တယ်။ PHP ပိုင်းကို သီးသန့် library မထုတ်ပေးဘူး။ Zend နဲ့ တွဲထုတ်ပေးတော့ ဆင်ဖိုးထက် ချွန်းဖိုးက ပိုဆိုးဖြစ်နေတာပေါ့။ လုပ်ချင်တာက သေးသေးလေး။ အဲဒီအတွက် Zend Framework ကြီးပါ upload တင်ရတာ အလကား အလုပ်ရှုပ်တာပဲ။
ဘာပဲပြောပြော oAuth, AuthSub တွေတော့ ဖတ်ဖြစ်လိုက်တယ်။ လက်တွေ့တော့ အခုထက်ထိ စမ်းတာ အဆင်မပြေသေးဘူး။
ကိုသက်ထွေးနဲ့ စကားစမြည်
ကိုသက်ထွေးက www.books-hive.com ကိုရေးထားတဲ့သူပါ။ facebook မှာ သူနဲ့ opensoure scripts တွေနဲ့ paid scripts တွေအကြောင်ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို မြန်မာပြန်ပြီး ဖော်ပြလိုက်ပါတယ်။
Saturngod: တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိတယ်ဗျ။ ကျွန်တော် help desk မှာ ပိုက်ဆံမရပဲ အလုပ်လုပ်နေရသလိုပဲ။ ကျွန်တော် free ပေးတဲ့ prdouct တွေကို သူတို့တွေအတွက် မလုံလောက်သေးပဲ help desk ပါလိုချင်ကြတယ်ဗျ။ အဲဒါကို လုပ်ရတာ အရမ်းစိတ်ညစ်တယ်။ ကျွန်တော် helpdesk မှာ အလုပ်လုပ်နေတာမဟုတ်သလို ကျွန်တော် အခမဲ့မျှဝေနေတာပါ။ အချို့ဟာလေးတွေက သူတို့ သေချာဖတ်ရင် နားလည်မှာပါ။ ဒါမှမဟုတ် google မှာ ရှာလိုက်ရင်လည်း ရနိုင်ပါတယ်။ အများစုကတော့ ပထအကြိမ်မရရင် လက်လျှော့ပြီး မေးတတ်ကြတယ်ဗျ။ ဒုတိယအကြိမ် ဘာလို့ မစမ်းကြည့်တာလဲတော့ မသိဘူး။ ဒါမှမဟုတ် သေသေချာချာ ဖတ်ပြီး နောက်တကြိမ်စမ်းကြည့်သင့်တယ်။ အချို့ဟာတွေကတော့ google မှာ ရှာလို့ ရနိုင်တာပဲဗျ။ Google မှာ ရှာပြီး ပင်ပင်ပန်းပန်း ဖတ်ရမှာ ကြောက်ကြတယ်နဲ့ တူတယ်။
သက်ထွေးအောင် : ဒါက မြန်မာတွေမှ မဟုတ်ဘူးဗျ။ လူတွေရဲ့သဘာဝပဲ။ အခြားနိုင်ငံတွေက လူတွေလည်း ဒီလိုပါပဲဗျာ။ အဲဒါကို scripting release forum တွေမှာ တွေ့မှာပါ။ အင်း.. ဒါကလည်း opensoure ပေးချင်ရဲ့ သဘာဝပဲဗျ။ တကယ်လို့ မကြိုက်ဘူးဆိုရင် release မလုပ်နဲ့ ဒါမှမဟုတ် ပြန်မဖြေနဲ့ပေါ့ဗျ။
Continue reading
Idealware – comparing os cms report
Great Article for comparing WORDPRESS, JOOMLA, DRUPAL AND PLONE
http://www.multiupload.com/ZR1G694MBR