Remove Smart Quotes in WP

ကျွန်တောှတို့တွေ wordpress မှာ smart quotes တွေ ဖြုတ်ချင်လား။ ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ ဘာလို့လည်းဆိုတော့ html example တွေကို ဖောှပြတဲ့အထဲမှာ လေ့လာသူတွေအနေနဲ့ copy ကူးပြီး သွားထည့်လိုက်လို့မရဘူး။ တဆင့်အနေနဲ့ smart quotes တွေကို လိုက်ပြင်နေရတယ်။ ဒါကြောင့် ကျွန်တောှကတော့ ဖြုတ်လိုက်တယ်။ Smart Quotes ဆိုတာကတော ”smartqutote” အဲဒါလေးပါ။ ကျွန်တောှကတော့ ရိုးရိုး double quotes ” ဖြစ်ဖြစ် single quotes ‘ ဖြစ်ဖြစ် အဲဒါပဲ အသုံးပြုပြီး ဖောှပြပါတယ်။ copy paste လုပ်တဲ့လူတွေလည်း အဆင်ပြေအောင်ပေါ့။

ကိုယ့် theme ရဲ့ function.php ထဲမှာ

remove_filter(‘the_content’, ‘wptexturize’);
remove_filter(‘comment_text’, ‘wptexturize’);

လေး ထပ်ဆုံးမှာ သွားဖြည့်လိုက်ရင် ရပါပြီဗျာ။ လွယ်လွယ်လေးနဲ့ အသုံးဝင်လှပါတယ်။

Shoutbox in WP Plugin

wordpress blog တွေမှာ cbox ဘယ်လိုထည့်ရမလဲ။ chat box ဘယ်လိုထည့်ရမလဲမေးတာလေးတွေ တွေ့ဘူးတယ်။ ကျွန်တောှ book hive blog မှာ သုံးထားတဲ့ shoutbox လေးကိုတော့ သဘောကျတယ်ဗျ။ သူက WP-Wall ဆိုတဲ့ဟာလေး သုံးထားတယ်။ စမ်းချင်တဲ့သူတွေ

http://wordpress.org/extend/plugins/wp-wall/

download ချပြီး စမ်းနိုင်ပါတယ်။

Hanlinn WP-Plugin

ဟန်လင်းဆိုတာကတော့ bookmarks site တစ်ခုပါ။ နာမည်ကျော် digg လို မျိုး site တစ်ခုဖြစ်ပြီး ထူးတေဇာ က တည်ထောင်ထားတဲ့ site တစ်ခုပါ။ ကျွန်တော် အရင်ကတော့ ဟန်လင်း ကို google bookmarks လိုမျိုး firefox မှာ အသုံးပြုလို့ရအောင် ရေးခဲ့ဘူးတယ်။ အဲဒါကို ဒီမှာ ဖတ်လို့ရပါတယ်။ အခုတော့ wordpress plugin ရေးပြီးသွားပြီ။ MZ က ကောင်းကင်ပြာက သူ့ blog မှာ ထည့်ချင်တယ်ဆိုတာနဲ့ plugin ကောက်ရေးလိုက်တာ။ WP-plugin က ရေးနေကျ မဟုတ်တော့ google အားကိုးနဲ့ အိုကေသွားတယ်။ မသိရင်တာ ရေးရခက်တာ။ အခုသိသွားတော့လည်း လွယ်သွားတာပဲ။ plugin ကို အောက်က link မှာ ရယူနိုင်ပါတယ်။

http://www.saturngod.net/project/hanlinn.zip

Can You Make CMS from Zero ?

အဲဒီလို မေးခွန်းလေးတွေ မေးလာရင် ကျွန်တော့်အနေနဲ့ကတော့ Yes,I can ပဲဗျ ။ အခု အချို့လူငယ်လေးတွေက ကိုယ်တိုင်ရေးသားဖို့ အားသန်ကြတာကို တွေ့ရလို့ သဘောကျမိပါတယ်။ ဒါပေမယ့်လည်း blogger ခင်ဦးမေ ပြောသလိုပေါ့။

ကျောက်တုံးကို ရွှေ့တယ်ဆိုတာ ရွေ့သွားမှ အလုပ်ဖြစ်တာပါတဲ့။ တွန်းနေတာက အလုပ်ဖြစ်နေတာမဟုတ်ဘူး။

ကျွန်တော်တို့တွေအနေနဲ့ ကိုယ်ပိုင် CMS တစ်ခု ဖန်တီးနိုင်မလားဆိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါဆို ဘာလို့ မဖန်တီးတာလဲဆိုတဲ့ မေးခွန်း ဆက်လာစမြဲပါ။ ဖန်တီးနိုင်ပါပေမယ့် LTS ( Long Term Support ) က မလွယ်လို့ပါ။ LTS မရှိရင် အဲဒီ CMS/Blog Engine လိုမျိုး project ကို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ security fix တွေအမြဲထုတ်ပေးဖို့လိုတယ်။ community ကို supporting ကောင်းကောင်းပေးနိုင်ဖို့လိုတယ်။ supporting မကောင်းတဲ့ product ဟာ အောင်မြင်မှာ မဟုတ်ဘူး။ user feedback မလေးစားတဲ့ product ကလည်း ပေါက်မှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ opensource မဟုတ်ပဲ ကိုယ့်ဘာသာ ကိုယ် private ဖြစ်စေ opensource မဟုတ်အတွက်ပဲ သီးသန့် သုံးဖို့အတွက်ဖြစ်စေ ရေးဆွဲတာကတော့ ဖြစ်နိုင်ပါတယ်။

opensource ပေးပြီးဆိုရင် ကျွန်တော်တို့အနေနဲ့ LTS ကို မဖြစ်မနေ ထည့်သွင်းရမယ်။ LTS ပါလာသည်နဲ့အမျှ ငွေကြေးပိုင်းဆိုင်ရာ သုံးစွဲမှုတွေ ရှိလာတော့မယ်။ ဒါကြောင့် ရေရှည်ရပ်တည်ဖို့ မြန်မာနိုင်ငံအနေနဲ့ကတော့ မလွယ်ပါဘူး။ နောက်ပြီး CMS တစ်ခုကို ရေးဆွဲတဲ့အခါမှာတော့ တစ်ယောက်တည်း ရေးဆွဲနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်တည်းရေးဆွဲတဲ့အခါ အချိန်ကြာမြင့်ခြင်း နောက်ပြီးတော့ Plugins, Theme ပိုင်းဆိုင်ရာတွေအတွက် အားနည်းသွားခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

PHP နဲ့ CMS တစ်ခုကို ရေးဆွဲလို့ရမလား ဆိုရင်တော့ ရတာပေါ့ဗျာ။ Joomla , WordPress, Drupal တွေအားလုံးဟာလည်း PHP နဲ့ ရေးထားတာပါ။ ဒါပေမယ့် ရေးဆွဲမယ်ဆိုရင်တော့ သေချာကျနတဲ့ system design ရှိဖို့လိုမယ်။ နောက်ပြီး Framework ကို အသုံးပြုသင့်တယ်။ OOP ကိုလည်း အသုံးပြုရမှာပဲ။ OOP က လူတစ်ယောက်ထက်ပိုပြီး လုပ်ကိုင်တဲ့ အလုပ်တွေမှာ အရမ်းကို ကောင်းမွန်ပါတယ်။ OOP ကို အသုံးပြုမယ်ဆိုရင် ကောင်းမွန်တဲ့ UML design တွေ ဆွဲထားဖို့ လိုတယ်။ OOP မပါရင် လူတွေ အများကြီး ပူးပေါင်းရေးသားရာမှာ ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ OOP concept က လူတွေကို တာဝန်ခွဲဝေ ယူနိုင်အောင် ဖန်တီးပေးပါတယ်။ UML diagram တွေက OOP concept ကို မြန်ဆန်စေတယ်။

တကယ်လို့ CMS ဖြစ်ဖြစ် Blog တစ်ခုဖြစ်ဖြစ် ရေးဆွဲချင်ရင်တော့ အားပေးပါတယ်။ ကိုယ့် site လေးမှာ ကိုယ်အသုံးပြုပေါ့။ CMS/ Blog Engine ရေးဆွဲခြင်းဟာ အများကြီးကို ပညာရစေပါတယ်။ OOP ရဲ့ အကျိုးကျေးဇူးတွေ နားလည်လာတယ်။ System တစ်ခုလုံးကို ခြုံငုံသုံးသပ်လာနိုင်မယ်။ User တွေ ဘာလိုအပ်လဲဆိုတာကို ကိုယ်ခံစားပေးလာနိုင်ပါတယ်။ ဆွဲနိုင်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ငွေကြေး ကိစ္စ ထည့်သွင်း စဉ်းစားဖို့ မလိုဘူး ဝါသနာပါလို့ လုပ်တယ်ဆိုရင် လုပ်ပါ။ ကျွန်တော့် အနေနဲ့ကတော့ အကြံဉာဏ်လောက်တော့ ပေးနိုင်မှာပါ။ လက်ရှိမှာတော့ ornagai တစ်ခုလုံးကို MVC ပြောင်းတော့ UML diagram တွေ မဆွဲမိလေခြင်းဆိုပြီး နောင်တ ရနေရပါတယ် system တစ်ခုလုံး ရှုပ်ပွနေရော။ MVC နဲ့ ရေးသားတဲ့အခါ System Flow လည်းမရှိ UML diagram လည်းမရှိ စိတ်ထင်ရာ ရေးထားတာ တော်တော်လေး ကြည့်ရဆိုးတယ်။ ရေးရခက်တယ်ဆိုတာကို တွေ့လာတယ်။ ဘယ်ဟာကို Model တွေထားမယ်။ View နဲ့ ဘယ်လိုချိတ်မယ်။ Controller မှာ ဘယ်လို variable တွေ ပို့မယ် စတာတွေနဲ့ ပတ်သက်သာတွေ မရှိပဲ ရေးသားမိတဲ့အတွက် အခုတော့ အစကနေ ပြန်ရေးရမယ့် ကိန်းပေါက်နေတာနဲ့ အခြားလူတွေလည်း CMS ရေးချင်တယ်လို့ ပြောကြတော့ ဒါလေးကို ရေးလိုက်တာပါ။ သိသင့်သိထက်တာလေးတွေ အနေနဲ့ ရေးလိုက်တာပါဗျာ။

Change Widget Plugin

အရင်က Samsarin PHP Widget ကို သုံးတယ်.. ဒါပေမယ့် သူက 2.7 မှာ အလုပ်မလုပ်တော့ဘူး… theme လည်း ထွေထွေ ထူးထူးမပြောင်းဖြစ်တာလည်း ပါတာပေါ့.. အခု Samsarin PHP Widget ကို အသစ်ထည့်ချင်ထည့်လို့မရတော့ PHP coding တွေ အလုပ်လုပ်ဖို့ ဘာရှိလဲဆိုတာကို ရှာကြည့်လိုက်တော့… Executable PHP widget ကို သွားတွေ့တယ်… သူကတော့တော့ လက်ရှိ version မှာ အလုပ်လုပ်တော့ တော်တော်အဆင်ပြေသွားတယ်ဗျာ..

Private Blog

wordpress မှာ တစ်စုံတစ်ယောက်အတွက် ရည်စူးပြီး လုပ်ထားတဲ့ blog တွေဆိုရင် ကျွန်တော်တို့အနေနဲ့ Member Only Plugin ကို အသုံးပြုလို့ရသလို post တွေကို password နဲ့လည်း လုပ်လို့ရပါတယ်။ Add New Post မှာ ညာဘက် Site Bar က Publish ဆိုတဲ့အထဲမှာ Visibility : Public ဖြစ်နေတယ်.. အဲမှာ Edit လုပ်ပြီးတော့ Password Protected လည်းလုပ်လို့ရပါတယ်။ သိချင်တဲ့လူရှိတယ်ဆိုလို့ post တင်လိုက်တာ…

WordPress 2.8 using codepress

အရင်က ကျွန်တော် စဉ်းစားတယ်.. wordpress မှာ theme editor ပိုင်းကို codepress သုံးသင့်တယ်.. ဘာလို့မသုံးတာလဲမသိဘူးပေါ့… theme editor မှာ php ကို ပြန်ပြင်တဲ့အခါ စိတ်ညစ်ရတယ်… အရောင်တွေနဲ့ မခွဲထားတော့ တချက်တချက်ရောရော သွားတယ်ဗျ… အခုတော့ သူက codepress သုံးလိုက်တော့ syntax အရောင်တွေနဲ့ တော်တော်လေးကို အဆင်ပြေသွားတယ်..

Add Attribute in Pre WordPress

မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို register လုပ်ထားတဲ့ author တွေကို သုံးစွဲစေချင်တာ။ ဒါနဲ့ ဒီမနက် ထပ်ရှာတော့.. Continue reading