So sad new, today

ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သင်္ကြန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သင်္ကြန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။

ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုမျိုးလုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူး။ ပြင်းထန်စွာ ရှုံချတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်။ သေဆုံးရတယ်။ ဒါဟာလုံးဝ လူမဆန်တဲ့ လုပ်ရပ်ပဲ။

No Git , No SVN

ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း git ပေါ်တင်ဖြစ်ရင် ဘယ်အဆင့်တွေ ဘယ်လောက်ပြီးနေပြီလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိနိုင်သလို အခြားသူတွေလည်း သိနိုင်တယ်။ အခုတော့…. port 22 ကို ပိတ်ထားတာကြောင့် တင်မရခဲ့ဘူး။ ဒါနဲ့ SVN လေးရမလားဆိုပြီး wp plugin လေး update လုပ်ဖြစ်တာနဲ့ တင်မလို့ပဲ ဒါပေမယ့် မရပါ။ ဒါနဲ့ SSH ကိုစမ်းတော့လည်း မရပြန်။ port 22 ကို ပိတ်ထားလို့ ဖြစ်မရတာနဲ့ တူတယ်။ ftp port 21 ကိုတော့ ဖွင့်ပေးလိုက်ပြီ။ ရန်ကုန်မှာ FTP တော့ သုံးလို့ရပေမယ့် SSH ကိုတော့ သုံးလို့မရတော့ဘူး။ နောက်ပြီး ရုံးအလုပ်တွေ ရန်ကုန်မှာ လုပ်ဖို့ သိပ်မလွယ်ဘူး။ ရုံးက server တွေအားလုံးက port 222 ကိုပဲ အဓိက သုံးကြတာ။

အမှန်တိုင်းဆိုရင် port တွေကို ဖွင့်ပေးထားရင် ကောင်းမယ်လို့ ထင်တာပဲ။ နိုင်ငံခြား company တွေလည်း ရင်းနှီးမြုပ်နှံ့ဖို့ အခွင့်အလမ်းတွေ ပွင့်လာတာပေါ့။ အခုတော့ SFTP လည်းမရ SSH လည်း မရ git လည်း မထူး SVN လည်းသွား ဆိုတော့…….. freedom နဲ့သုံးရင်ရပေမယ့် freedom က mac မှာ မရှိတာရယ် နောက်ပြီး jap ကနှေးတာရယ်ကြောင့် နောက်ဆုံး မသုံးဖြစ်ခဲ့ပါဘူးဗျာ။

Ygn may do like UCSY ?

အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို သွားလိုသွားတွေ ဖြစ်ကုန်တာပဲ။ ဆရာမကြီး အနေနဲ့ သမီးရည်းစား သူတို့ဘာသာသူတို့ လက်တွဲသွားလည်း သူ့မျက်စိထဲမှာ အမြင်တော်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတ်မှတ်ပုံပေါ်တယ်။ အဲလိုပဲ အတူတူထိုင်စကားပြောတာလည်း အမြင်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားပုံရတယ်။

Continue reading

Leave Yangon Now

Myanmar IT Pro က post လေးပါ… ဖတ်ကြည့်သင့်တယ်ထင်လို့ပါ..

http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A29672

ဒါပေမယ့်လည်း … ကျွန်တော်ကတော့ ရန်ကုန်ကြီးကို ချစ်နေတုန်းပဲ…

ရန်ကုန်ကြီးမှာပဲ အခုထက်ထိနေတုန်းပါပဲဗျာ…