cydia က http://cydia.macforus.com source မှာ ကိုဝေဖြိုးလင်းရဲ့ zawgyi keyboard တင်ပြီးပါပြီ။ Zawgyi Keyboard iOS 4.1 ကို နှိပ်ပြီး install သွင်းနိုင်ပါတယ်။ Thai keyboard တော့ ပျောက်သွားမယ်ထင်ပါတယ်။ iphone 4.2 အတွက်တော့ အခြား နောက်တစ်ယောက်ပြန်ပြင်ပေးထားတာရှိပါတယ်။ အခု ကိုဝေဖြိုးလင်း iPad Keyboard ကို ရေးနေတယ်လို့လည်း ပြောပါတယ်။ ကျွန်တော်ကတော့ လက်ရှိ ရေးထားတဲ့ keyboard project ကို close လုပ်လိုက်ပါပြီ။ ဆက်လက်ပြီး ထုတ်တော့မှာ မဟုတ်။ ဟိုနေ့က စမ်းထားတဲ့ alpha version နဲ့တင် stop လုပ်လိုက်ပါပြီ။
Tag Archives: Zawgyi
Zawgyi layout iOS 4.1 keyboard By Wai Phyo Lin
သူ့ပို့ထားတဲ့ mail လေးပါ။ အခုရုံးမှာ မို့ ညမှပဲ စမ်းတော့မယ်..
Hi,
I just finished my keyboard for iOS 4.1.
Please the attachment file.
copy 10 files under ./myankey/ to /System/Library/Framework/UIKit.Framework/
copy KeyboardTitles.strings to /Applications/Preferences.app/English.lproj/
Please backup before overwrite.
In Settings > General > Keyboard > International Keyboards > Add New Keyboard.. ==> Myanmar မြန်မာ
If you tap on Myanmar, you can choose “Software Keyboard Layout” as “Myanmar-Zawgyi” and “Myanmar-Alphabetical-Order”
I just finished Myanmar-Zawgyi.
Do not select “Myanmar-Alphabetical-Order”.
If there is error, please let me know.
MyanmarKeyboard
Zawgyi Keyboard iOS 4.1 only (alpha)
Alpha version ကို စမ်းသပ်ချင်သူများ အရင်ဆုံး Zawgyi iOS Font package ကို update လုပ်ဖို့ လိုပါတယ်။ Cydia > Changes > Refersh လုပ်လိုက်ရင် Zawgyi Font iOS အသစ်ဖြစ်နေတာကို တွေ့မှာပါ။ Upgrade လုပ်လိုက်ပါ။ ပြီးရင်တော့ အောက်က keyboard file ကို download ချပါ။
keyboard
Zip ကို ဖြည်လိုက်ရင် file ၈ ခုပါပါတယ်။
အဲဒီ ၈ files ကို /System/Library/Frameworks/UIKit.framework/ ထဲကို ထည့်လိုက်ပါ။ ပြီးရင် restart ချပါ။
ပြန်တက်လာရင် Setting > General > Keyboard > International Keyboard > Add New Keyboard > Czech ကို ရွေးလိုက်ပါ။
Continue reading
MMKeyboard
MMKeyboard ကို MMKeyboard ကနေ promo code ပေးလို့စမ်းကြည့်ဖြစ်တယ်။ ကျွန်တော်လည်း ထွေထွေထူးထူး ရေးစရာ မရှိတော့ဘူးထင်တယ်။ တော်တော်များများကို ထူးတေဇာ blog မှာ ရေးပြီးပါပြီ။ စသုံးသုံးခြင်းမှာတော့ မြန်မာစာ ရိုက်ရတာ iPad မှာတော့ touch က နှေးနေတယ်။ sound ကို off လိုက်တော့ အရင်ကထက် ရိုက်ရတာ ပိုကောင်းသွားတယ်။ နောက်တချက်က Zawgyi Keyboard မှာ back မပါလာတာပဲ။ စာလုံးများသွားလို့ ပြန်ဖျက်ချင်ရင် english keyboard ကို ပြန်ဖွင့်ပြီးတော့ ဖျက်နေရတယ်။ ပက်ဆင့်တွေ နံပတ်တွေ မပါသေးပေမယ့် အဆင်တော့ပြေပါတယ်။
iPhone version က မထင်မှတ်ပဲ ပိုကောင်းတယ်။ ရိုက်ရတာ မြန်တယ်။ iPad version က ဘာလို့ ပိုနှေးနေတာလဲတော့ မသိဘူး။ iPhone က လက်တစ်ချောင်းတည်းနဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ကိစ္စမရှိပေမယ့် iPad ရဲ့ keyboard က ရိုက်ရတာ နည်းနည်းလေးတော့ ခက်နေတယ်။ ဘာကို ခက်နေတာလဲ မသိဘူး။ အခုရိုက် အခုမပေါ်ပဲ နည်းနည်းလေး စောင့်နေရတယ်။ တောက်လျှောက်ရိုက်သွားရင်တော့ ပြဿနာ ဖြစ်တော့တာပဲ။ iPhone version မှာတော့ အဲဒီ ပြဿနာတွေ မရှိဘူး။ လွယ်လွယ်ကူကူ ရိုက်လို့ရတယ်။ တောက်လျှောက်ရိုက်လည်း မနှေးသွားဘူး။
ဘာပဲပြောပြော jailbreak မလုပ်ချင်တဲ့သူတွေ ဇော်ဂျီနဲ့ iPhone မှာ ရိုက်ချင်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ဝယ်ချင်တဲ့သူတွေကတော့ iTune store မှာ ဝယ်လို့ရပါတယ်။ $0.99 နဲ့ ဝယ်ရတဲ့အတွက် တန်တယ်လို့ ဆိုလို့ရပါတယ်။
Myanmar Bookmarklet
Font install သွင်းမရတဲ့ စက်တွေမှာ မြန်မာစာ ဖတ်လို့မရဘူး။ နောက်ပြီး ဇော်ဂျီပဲ သွင်းထားတယ်။ unicode မသွင်းချင်ဘူး။ unicode ပဲ သွင်းထားတယ် ဇော်ဂျီမသွင်းချင်ဘူးဆိုတဲ့ စက်တွေအတွက် bookmarklet လုပ်ထားတယ်။ ဒီမှာ သွားပြီး ယူနိုင်ပါတယ်။ Link ကို click မနှိပ်ပဲ Drag & Drop Bookmarkbar ပေါ်မှာ ဆွဲထည့်လိုက်ပါ။ ပြီးရင် ကြည့်ချင်တဲ့ site ကို bookmark bar ပေါ်က bookmark လေးကို နှိပ်ပြီး လွယ်လင့်တကူ ကြည့်လို့ရပါတယ်။
Zawgyi Embed Bookmarklet
iPad ကို iOS 4.2 GM version ကို update လုပ်လိုက်တာ jailbreak မရတော့ဘူး။ ဒါနဲ့ website တွေကို ဖတ်လို့မရတော့ဘူးပေါ့။ အဓိက email မှာ မရရင်တောင် website မှာ မြန်မာလို မြင်ရရင် မဆိုးဘူးဆိုပြီး ကိုယ့်ဘာသာ ကိုယ် bookmarketlet လုပ်လိုက်တယ်။ Safari မှာ Bookmark လုပ်လိုက်တယ်။ ပြီးတော့ iPad ကို Sync လုပ်လိုက်တယ်။ bookmark ကို run လိုက်တာနဲ့ လက်ရှိရှိနေတဲ့ site က စာတွေအားလုံးကို zawgyi font နဲ့ မြင်ရအောင် ဖန်တီးလိုက်ပါတယ်။
Continue reading
ပါရဂူ chrome extension
ဒီနေ့ Solveware Solution က လုပ်ထားတဲ့ ပါရဂူ convertor ရဲ့ javascript ကို ယူသုံးပြီးတော့ chrome extension လေး လုပ်ဖြစ်တယ်။ အခု extension က အရင်ကလို unicode to zawgyi မဟုတ်တော့ပဲ Unicode 5.1 <=> Zawgyi 2008 ရသွားပါတယ်။ ဒါကြောင့် unicode သမားတွေအတွက်လည်း အဆင်ပြေတာပေါ့။ javascript ကို အသုံးပြုခွင့်ပေးတဲ့ solveware solution က ကိုငွေထွန်းကို လည်း ကျေးဇူးတင်ပါတယ်။
Zawgyi iOS Package is working now for iPhone 4
Cydia ကနေ zawgyi iOS Font Package ကို iPhone 4 အတွက် သွင်းလို့ရပါပြီ။
Fixed ဖို့ နည်းလမ်းပြောပြပေးတဲ့ ကို GloblHawk နဲ့ စမ်းသပ်ပေးတဲ့ ကို သက်ထွေးအောင် နဲ့ ကောင်းထိုက်သူ တို့ကို ကျေးဇူးတင်ပါတယ်။