Safari with Zawgyi

Safari windows မှာ ဇော်ဂျီ မမြင်ရဘူးဆိုရင် အောက်ကလိုမျိုး စမ်းကြည့်ပါ။

http://www.saturngod.net/wp-content/uploads/zawgyi-safari.css

အဲဒီ file လေးကို save သိမ်းလိုက်ပါ။ save မသိမ်းတတ်ဘူးဆိုသူများ

http://www.mediafire.com/?y5axtzn1z25

မှာ download ချလိုက်ပါ။

ပြီးရင် File > Preference > Advance > Style Sheet မှာ other ကိုရွေး။ ပြီးရင် download ချထားတဲ့ zawgyi-safari.css ကို ရွေးပေးလိုက်ရင် ရပါပြီ။

#Memo Change Chrome font

Using text editor to open “Documents and Settings\User_Name\Local Settings\Application Data\Google\Chrome\User Data\Default\Preferences”
Look for the section of code that looks like the following example (if its not in the file, try adding it yourself)
“webkit”: {
“webprefs”: {
“default_fixed_font_size”: 11,
“default_font_size”: 12,
“fixed_font_family”: “Zawgyi-one”,
“minimum_font_size”: 12,
“minimum_logical_font_siz”: 12,
“sansserif_font_family”: “Times New Roman”,
“serif_font_family”: “Arial”,
“standard_font_is_serif”: false,
“text_areas_are_resizable”: true
}
}

http://www.google.com/support/forum/p/Chrome/thread?tid=08c767f066644e4e&hl=en

Google Search Crawl Result

Crawl ဒီနေ့လုပ်လိုက်တာ result ရလာပြီ။ 1,080,000 result ထဲက 560 ကို crawl လုပ်ပြီး duplicate တွေ စစ်ထုတ်လိုက်တာ 416 site ရှိတယ်။ google ကလည်း result အားလုံးကို မထုတ်ပေးဘူးလေ။ result ပေါင်း 560 က ဂိတ်ဆုံးပဲ။ page rank မြင့်တဲ့ site တွေပဲ အရင်ထွက်တာပေါ့။ ကျွန်တော် သိတဲ့ အချို့ site တွေက 416 ခုထဲမှာ မပါလာတာကို တွေ့ရတယ်။ ဥပမာ။ ။ http://www.myatmon.com/ ၊ http://blog.calmhill.info/ ၊ http://mrdba.info/ စတာတွေ result ထဲမှာ မပါလာဘူး။ ဘာလို့ မပါတာလဲ။ page rank နိမ့်ရတာလဲဆိုတာကို သိချင်ရင်တော့ Beyond PageRank and Third Generation IR ကို သာ ဖတ်ကြည့်ပါ။ ကျွန်တော့် blog ပါတယ်။ www.htootayzar.com စတာတွေ ပါပါတယ်။ နောက်ပြီး sub path တွေ မပါဘူး။ duplicate တွေကို ဖယ်ထုတ်လိုက်တော့ group.ps/aaa စတာတွေ မပါတော့ဘူးပေါ့။

ဟုတ်ပြီ။ ဒါဆိုတော့ ဒီလိုပြန်တွက်ကြည့်မယ်…

560 = 416
1080000 = (1080000*416)/560  = 802285.714285714285714

ထပ်ပြီး တွက်ကြည့်ရအောင်

560 = 144 duplicate

802285 = 206301.857142857142857 duplicate

appro:

802285-206301= 595984

ဒါဆိုရင်တော့ မြန်မာစာ က အသုံးပြုတဲ့ site ၅ သိန်းကျော်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ duplicate ဖြစ်တယ်လို့ မှတ်ပြီး ၅ သိန်းကျော်လို့ ပဲ ယူလိုက်တာပါ။ ဒါကတော့ မှန်းခြေပါ။ သေချာတာကတော့ မြန်မာစာ site ၁၀ သိန်း မရှိသေးဘူး။ content တွေကသာ တော်တော်လေး များနေတယ်လို့ ဆိုရမယ်။

How many many sites ?

က ဆိုတဲ့ စာလုံး Google မှာ တစ်လုံးကို ရှာလိုက်တာ result ပေါင်း 1,040,000 ( ၁သန်း ၄သောင်း ) လို့ ထွက်လာတယ်။ duplicate address တွေကို ဖြည်လိုက်ရင်တော့ အနည်းဆုံးတော့ ၁ သန်းဝန်းကျင်လောက် ရှိမလားပဲ။ က ဆိုတဲ့ စာလုံးက ဘုံသုံးပါ။ Google မှာတော့ ဇော်ဂျီ တွေ မြန်မာ ၃ တွေ မသိဘူး။ code ပဲ မှတ်ထားတာဆိုတော့ ဇော်ဂျီသုံးဘယ်လောက်လဲတော့ မမှန်းတတ်ဘူး။

ဒီအထဲမှာ result မှာ စာမျက်နှာပေါင်း ၅၅ မျက်နှာရှိပါတယ်။ အကုန်လုံး ချုံလိုက်ရင် ဇော်ဂျီက အသုံးအများဆုံးပဲ။ အဲဒီ result တွေအားလုံးကို ထုတ်ပြီး ဘာ font သုံးထားလဲ ခွဲထုတ်တဲ့ bot လေးရေးရင်ကောင်းမလားလို့ တောင် စဉ်းစားမိတယ်။ unicdoe 5.1 လည်း မဟုတ် ဇော်ဂျီလည်း မဟုတ်တဲ့ တိုင်းရင်းသားစာလုံးတွေ ပါနေတယ်ဆိုတာကိုတွေ့ရတယ်။

အဲမှာ စဉ်းစားစရာ တစ်ခုပေါ်လာပြီ။ ၁ သန်း မှာ အနည်းဆုံးတော့ ဇော်ဂျီက ၉ သိန်း ၈ သောင်းလာက် ရှိလိမ့်မယ်။ သေချာတဲ့ statics လေးတော့ လုပ်ထားသင့်တယ်။ ၉ သိန်း ၈ သောင်း ရှိတဲ့ blogger တွေ web admin တွေကို Unicode ပြောင်းဖို့ ဘယ်လို marketing လုပ်မလဲ။ သေချာတာကတော့ အကုန်လုံးတော့ ပြောင်းမှာမဟုတ်ဘူး။ လိုအပ်နေတဲ့ converter ရှိရင်တောင် ပြောင်းမှာမဟုတ်ဘူး။ သေချာတာကတော့ ၉ သိန်းလောက်ကတော့ လုံးဝ end user တွေပဲ ဖြစ်လိမ့်မယ်။ database ကနေ sql export ထုတ်တာတွေ ဒါမှမဟုတ် xml export import တွေ လုပ်ချင်ကြမှာမဟုတ်ဘူး။ နောက်ဆိုရင် လက်ရှိ ၁ သန်းထက်ပိုများလာဖို့ပဲရှိတယ်။ ဟုတ်ပြီ။ windows လည်း unicode ပါလာပြီ။ အိုဗျာ… အကုန်လုံး Unicode Support လုပ်ပြီ။ ပါလာပြီ ဆိုပါဆို့။ အဲဒီ အခါ အဲဒီ site ၉ သိန်း လုံးက သူတို့ရဲ့ content တွေကို Built-in Unicode ပြောင်းမလား။ ကျွန်တော်တွေ့ကြုံ ဆက်ဆံနေရတဲ့ end user အများစုရဲ့ စိတ်သဘောထားအရဆိုရင်တော့ သူတို့တွေ ဇော်ဂျီပဲ သွင်းပြီး ရှေ့ဆက်ကြမလားပဲ။

တကယ်လို့ Unicode ကို မဖြစ်မနေ ပြောင်းစေချင်ရင်တော့ တော်တော်ကောင်းမွန်တဲ့ marketing , အားကောင်းလှတဲ့ supporting , နွေးထွေးလှတဲ့ community တွေ လိုအပ်တယ်။ တကယ်လို့ သေချာတယ်။ နောက် တချိန်ဗျာ အကုန်လုံး မြန်မာ Unicode default ပါလာမယ်လို့ အာမခံ ခံချက် အပြည့်အဝကြီး ခံနိုင်တယ်ဆိုရင်တော့ အခုအချိန်မှာ အားကောင်းတဲ့ supporting , နွေးထွေးတဲ့ community တွေ စထားသင့်ပြီ။ ဒါမှ လိုအပ်တဲ့ အချိန်မှာ အဆင်သင့်ဖြစ်နေလိမ့်မယ်။ Customer Relationship တည်ဆောက် သလိုမျိုး end user relationship ကို တည်ဆောက်ထားသင့်ပြီ။ နောက်မို့ဆို အကုန်လုံး default ပါလာလည်း အလကားပဲ။ ဝိုင်းပြီးတော့ default ပါလာမှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပြောလာကြမှာပဲ။ end user ဆိုတာ computer ပိုင်းကို မသိဘူး။ သူတို့သိတာက သူတို့ ဒါလိုချင်။ ဒါမရရင် complain တက်မယ်။ complain တက်လို့မှ မရရင် မသုံးဘူး။ ဘာလုပ်ပါ ညာလုပ်ပါ သွားခိုင်းလို့မရဘူး။ End User အနေနဲ့ သူတို့ဒါလိုချင်တယ်။ ဒီလိုလုပ်ရင် ရတယ်။ အဲ.. ဒီလိုလုပ်ရင် ရတယ်ဆိုပေမယ့် အဆင့်တွေ များပြန်ရင် မကြိုက်ပြန်ဘူး။ တကယ်ကို အာမခံချက် အပြည့်နဲက တကယ်ရမယ်ဆိုရင်တော့ အခုအချိန် ၉ သိန်း content တွေက မများလှသေးဘူးလို့ ဆိုရမယ်။

update: ၅ ရက်နေ့မှာ ၁၀ သိန်း ၄ သောင်း ဖြစ်ပေမယ့် ၈ ရက်နေ့မှာ ၁၀ သိန်း ၆ သောင်းဖြစ်သွားပြီ။ သေချာတာကတော့ မြန်မာ site တွေ ပုံမှန်တိုးနေသလို ပုံမှန်လည်း စာရေးသူတွေရှိတယ်။ ဇော်ဂျီ သုံး site ပေါင်းဘယ်လောက်ရှိမလဲ ? Unicode သုံး site ပေါင်း ဘယ်လောက်ရှိမလဲ ? Google ရဲ့ result ကို အားရင် crawl လုပ်ကြည့်မှပဲ။ duplicate site result တွေကို ဘယ်ထုတ်ဖို့။

new idea, new concept, new design

keyboard နေရာမှာက -ိ လို့ပေါ်မယ်… ၁ ချက်နှိပ်ရင် ိ တစ်ခုပဲ ရိုက်မယ်.. ဖိထားလိုက်ရင် -ိ -ီ -ံ -ဲ -် တွေ ပေါ်မယ်… စာလုံး display မှာ – ပါပေမယ့် တကယ်ရိုက်ရင်တော့ – မပါလာဘူး။ ြ- ကို နှိပ်လိုက်ရင် ြ ပဲ.. ြ- ကို ဖိလိုက်ရင် ြ- ြ– -ျ ဆိုပြီး ပေါ်မယ်… ;) I have technology now….

အခုရုံးမှာ ၂ ပတ် ကျော်လောက်က time table ပြည့်နေတယ်။ ဒီဟာကို လှည့်နိုင်အုံးမှာတော့ မဟုတ်သေးဘူး။ ၂ ပတ်ကျော်ပြီး လို့ ၃ ပတ်မြောက်မှာ project အကြီးကြီးတွေ မရှိတော့ရင်တော့ စဉ်းစားရမယ်။ အခု time table ထဲမှာ project တွေက တန်းစီနေတယ်။ :(

နောက်ပိုင်းအားရင်တော့ localization ပါလုပ်မလား စဉ်းစားနေတာ :D အားမယ်လို့လည်း မထင်… iPhone ကိုတော့ ရေလည်ခိုက်သွားပြီ… jailbreak လုပ်လိုက်ရင် အရာရာဟာ opensource ဖြစ်သွားတာပဲ… ;) (but need Mac :D )