iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Continue reading

Next Level Draft

တော်သေးသည်။ အရင် version ကို release မလုပ်လိုက်သည့်အတွက်။ အခုကတော့ အကြမ်းပါ။ 2 level လောက်နဲ့ ရိုက်နေကြ စာအားလုံး ရိုက်နိုင်အောင် စဉ်းစားနေပါတယ်။ zawgyi keyboard သွင်းရင်လည်း အချို့side effect လေးတွေတော့ english keyboard မှာ သက်ရောက်ပါတယ်။ iPhone 3Gs နှင့် iPod Touch 3G တို့တွင်တော့ မသက်ရောက်ဟုထင်ပါတယ်။ ကျွန်တော့် iPodTouch 3G မှာတော့ side effect မဖြစ်ပေမယ့် iPhone 3G တွေမှာတော့ အချို့side effect လေးတွေရှိတာကိုတွေ့ရပါတယ်။

IMG_0019

IMG_0020

Zawgyi in iPhone/iPodTouch

keyboard သာရေးသားလို့ပြီးသွားရင် SMS တွေလည်း ဇော်ဂျီနဲ့ ရကုန်တော့မယ်။ Windows Mobile ကနေ iPhone,Windows Mobile ကိုပို့တာပဲဖြစ်ဖြစ် iPhone ကနေ Windows Mobiles,iPhone ကိုပို့တာပဲ ဖြစ်ဖြစ် မြန်မာလိုပို့လို့ရတော့မယ်။ Sony Ericsson မှာလည်း မြန်မာလိုရတယ်။ ဒါပေမယ့် SMS နေရာမှာ ရမရတော့ မသိသေးဘူး.. Continue reading

Zawgyi 2008 Keyboard for Mac

Keyboard ကို

http://zawgyi-keyboard.googlecode.com/files/ZawgyiMac%20Keyboard.zip

မှာ download ချနိုင်ပါတယ်။ ဘယ်လိုသွင်းရမလဲဆိုတာကိုတော့

http://code.google.com/p/zawgyi-keyboard/wiki/InstallZawgyi2008MacKeyboard

မှာ သွားဖတ်နိုင်ပါတယ်။

Python VS PHP

Source code For Zawgyi 2008 TO Zawgyi 2009

Python

import sys,re
ENC='utf8'
def zawgyi2new(d):
	m=open("zawgyi2new_replace.ini").read().strip().decode('utf8').replace("-",'').replace(' ','').split("\n")
	for x in m:
		x=x.split("\t")
		if x[0]in d:
			d=d.replace(x[0],x[1])
	return d
if __name__=='__main__':
	infile=sys.argv[1]
	d=open(infile).read().decode(ENC)
	d=zawgyi2new(d)
	outfile=infile[:infile.rfind(".")]+"_out.txt"
	open(outfile,"wb").write(d.encode(ENC))

PHP

$time_start = microtime(true);
// get contents of a file into a string
$filename = $argv[1];
$handle = fopen($filename, "r");
$d= fread($handle, filesize($filename));
fclose($handle);
$myFile = "zawgyi2new.ini";
$fh = fopen($myFile, 'r');
$theData = fread($fh, filesize($myFile));
fclose($fh);

$theData=str_replace("-","",$theData);
$m=split("\n",$theData);
foreach ($m as $x)
{
	$k=split("	",$x);
	if(strripos($d,$k[0])!=false) 	$d=str_replace($k[0],$k[1],$d);
}
$fp = fopen("convert_".$argv[1], 'w');
fwrite($fp, $d);
fclose($fp);
$time_end = microtime(true);
$time = $time_end - $time_start;
echo "Total ".$time." seconds";

Python က 1 second နဲ့ 3 MB ရှိတဲ့ file ကိုပြီးတယ်။ PHP ကတော့ 29 seconds လောက်ကြာတယ်။ python က ၁၅ လိုင်း။ php က ၂၃ လိုင်း။ အချိန်တွက်တာ မပါရင်တော့ လိုင်း ၁၉ ပေါ့။ ဒီထက်တိုအောင် ထပ်ရေးမယ်ဆိုရင်တော့ ၁၇ လိုင်းလောက်နဲ့ ပြီးတယ်။ ရှင်းအောင် ရေးထားလို့ပါ။ PHP နဲ့ ၁၅ လိုင်းလောက်နဲ့ရအောင် ရေးလို့ရတယ်။ ဒါပေမယ့် ဖတ်ရတာ ရှုပ်သွားမှာဆိုးလို့။

ZawgyiNorSB

zawgyi 2008 ကို 2009 ပြောင်းပေးတယ်။ normalization လုပ်ပေးတယ်။ syllable breaking လုပ်ပေးတယ်။ 2008 -> 2009 နဲ့ normalization က ကိုစိုးမင်းရဲ့ python ကိုပဲ ဖတ်ပြီး PHP နဲ့ရေးထားတာ။ syllable breaking ကတော့ python code ကို သေချာနားမလည်လို့ အရင်က ဟာပဲ ပြန်သုံးထားတယ်။

http://code.google.com/p/zgnorsb/