စာတွေ့နဲ့လက်တွေ့

ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။ ဒါပေမယ့် ကျောင်းမှာကလည်း OOP concept ကို သိအောင်ပဲ သင်ပေးနိုင်တယ်။ တတ်အောင် မသင်ပေးနိုင်တော့ OOP ကို မသုံးဖြစ်တောပြန်ဘူး။ VB.NET 2003 လောက်ရောက်တော့ OOP ဖြစ်လာတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲ ဖြစ်သွားတာ။ Logic ပိုင်းတွေ ပြောင်းချလိုက်ရတာကို။ VB 6 ကနေ လာတဲ့သူ အဖို့ OOP နဲ့ အဝေးကြီးလို ဖြစ်သွားတာ။ အဲဒါကြောင့် Java ကို လုံးဝကို မထိတော့တာ။

အခုအချိန်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် ၄ နှစ်တာ ကာလ။ ကျွန်တော့်အတွက် ၄ နှစ်ခွဲ ကာလလို့ ဆိုလို့ရမယ်။ DSE ကို ၁၀ တန်းပြီးပြီးခြင်း တက်လိုက်တော့ ၄ နှစ်ခွဲ လောက် စာတွေ တောက်လျှောက် သင်လာရတယ်။ Data Flow Diagram က DSE မှာ second term မှာ သင်တာ။ computer တက္ကသိုလ်မှာကတော့ သေချာ မသင်ဖြစ်ဘူး။ စာမေးပွဲ နီးလာမှ ဒီပုံတွေ ပါတယ်။ ဒီပုံတွေပါတယ်ဆိုပြီး ပါတဲ့ ပုံတွေပဲ သင်တာတော့ တော်တော်လေးကို ဆိုးသွားတယ်။ DSE တက်ထားလို့သာ  DFD , ERD တွေ ရနေတာ။ DSE တုန်းက project လုပ်တုန်းက DFD ကို သေချာလုပ်ခဲ့ရတာလည်း ပါတာကိုး။ ဆရာမကလည်း သေချာရှင်းပြပေးနိုင်တာလည်း ပါတယ်။ သေချာရှင်းပြနိုင်မှာပေါ့။ အဖွဲ့က ၃ ဖွဲ့ ပဲရှိတော့တာလေ။ ဒါကြောင့် project လုပ်နေတုန်း တောက်လျှောက် ဆရာမ နဲ့ သေချာ ဆွေးနွေးလုပ်ခဲ့တော့ DFD ပိုင်းတွေ data analyst ပိုင်းတွေ ERD တွေကို ကောင်းကောင်းသိခဲ့ရတယ်။ စာသင်တုန်း နဲ့ project လုပ်တဲ့ အချိန်နဲ့ မတူတာအမှန်ပဲ။ စာသင်တာက ဒါတွေဒီလိုဆွဲတယ်ဆိုတာလောက်ပဲ သင်ပေးနိုင်တာ။ လက်တွေ့ လုပ်တဲ့အခါမှသာ စာတွေ့နဲ့ ပေါင်းပြီး ဆရာမ နဲ့ သေသေချာချာ ဆွေးနွေးဖြစ်တော့မှ တတ်သွားတာ။

ကျောင်းမှာလည်း ERD , DFD တွေ သင်ပါတယ်။ ဒါပေမယ့် အခန်းထဲမှာ လူ အယောက် ၁၀၀ ကျော်ရှိတယ်။ နောက်ပြီး group ဖွဲ့ထားတာလည်း မဟုတ်။ DSE တက်တုန်းက group ဖွဲ့ထားတော့ ဆရာမကို တစ်ယောက်က သွားမေး ပြီးရင် ကျန်တဲ့လူတွေကို ပြန်ရှင်းပြဆိုတော့ အဆင်ပြေတယ်။ ဆရာမ အနေနဲ့လည်း ကျောင်းသား တစ်ယောက်ခြင်းဆီကို ပြန်မရှင်းပြနိုင်ဘူးလေ။ computer တက္ကသိုလ်မှာက အယောက် ၁၀၀ ကျော်တော့ ဘာအသံမှလည်း သေချာမကြား။ မသင်ဘူးရယ်လို့တော့ မဟုတ်ဘူး။ သင်ပါတယ်။ ကဲ..ထားပါလေ….

OOP ကတော့ ကျောင်းမှာ ရေလည်သင်တယ်။ Java မှာလည်း OOP ။ C မှာလည်း OOP။ နောက်ပြီး OOSD ။ ပြီးတော့ UML ။ OOP ကိုပဲ ၃ နှစ်လောက် သင်လာတာ။ ခက်တာက သင်ထားတာပဲရှိတယ်။ လက်တွေ့ အမှန်အကန် သုံးဖို့ကတော့ မရှိပြန်ဘူးလေ။ ကိုယ်ကလည်း အဲတုန်းက VB.NET ဆိုတော့ သုံးတော့ သုံးပါတယ်။ ဒါပေမယ့် သေသေချာချာ နားမလည်ဘူး။ အခု လုပ်ငန်းခွင် ရောက်တော့မှပဲ မဖြစ်မနေ ပြန်လေ့လာတော့မှပဲ ကျောင်းက သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်ကုန်တာပဲ။ နောက်ပြီး လူပျိုကြီး ရေးပေးထားတဲ့ OOP အကြောင်းတွေကလည်း လေ့လာရတာ အဆင်ပြေတယ်။ အခုလုပ်နေတဲ့ project က လုံးဝ OOP။ PHP ပေမယ့် အကုန်လုံးက object ကြီးပဲ။ Page တွေအစ object လို့ပြောရမလိုပဲ။ ဒါနဲ့ ကိုယ်လည်း OOP ကို မဖြစ်မနေလေ့လာတော့မှပဲ သိသွားတာ။ သဘောပေါက်သွားတာ။ စာတွေ့သင်ထားတာတွေက အခုချိန်မှာ အများကြီး လာပြီး အထောက်အပံ့ဖြစ်တာတော့ အမှန်ပဲ။ ကျောင်းမှာတုန်းက မတတ်ပေမယ့် တကယ်လိုအပ်လာပြီဆိုရင် ကျောင်းကဟာလေးက လာပြီး အထောက် အပံ့ဖြစ်တယ်။

အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျောင်းက သင်တဲ့စာတွေက အဆင့်မမှီဘူးလားဆိုတော့ မဟုတ်ဘူးဗျ။ အဆင့်မှီတယ်။ course တစ်ခုကို upgrade လုပ်ဖို့ဆိုတာကလည်း မလွယ်တော့ အချို့ဟာလေးတွေတော့ နောက်နည်းနည်းလေး ကျတာတွေ ရှိတယ်။ Project Management ပိုင်းတွေ သင်တာက ဘယ်သူမှ မသုံးတော့တဲ့ management ကို အားပါးတရ သင်နေတာမျိုးပေါ့။ ဒါကလည်း course က ပြဌာန်းထားတာကို။ အနည်းအကျဉ်းလေးပါ။ စဉ်းစားလို့မရတာက ၄ နှစ်တာ ကာလမှာ သင်လိုက်တာကတော့ အများကြီးပဲ။ ဒါပေမယ့် ဘာတွေ တတ်လာသလဲလို့မေးရင်တော့ ဖြေရခက်တယ်။ programming တွေက အပြင်မှာ သင်လည်းရပါတယ်။ SE , UML , Data Analyst စတာတွေကိုလည်း သေချာသင်ပေးလိုက်တာပဲ။ ခက်တာက ဘယ်မှာ သွားသုံးရမှန်းမသိလို့ယောင်ဝါးဝါးဖြစ်ကုန်တယ်လို့ထင်တာပဲ။ third year လောက်ပြီးတာနဲ့ လက်တွေ့ လုပ်ငန်းခွင် ကို Internship လေး ဆင်းလိုက်ရရင်တောင် ကျောင်းက ၃ နှစ်လောက် သင်ထားတဲ့စာတွေက အလကားမဟုတ်ပါလားဆိုတာ သိသွားလိမ့်မယ်။ ခက်တာက ကျောင်းပြီးတာနဲ့ ကျောင်းသားတွေက ဘာလုပ်လဲဆိုတော့ သင်တန်းတွေ ထပ်တက်ကြတာပဲ။ Computer သင်တန်းတွေ စုံနေတာပဲ။ စျေးတွေကလည်း များပါ့။ သင်တန်းအများစုက Logic ကို ကောင်းကောင်းမသင်ပေးနိုင်ဘူးဗျ။ ကျွန်တော်လည်း သင်တန်းတွေ တက်ခဲ့တာပဲ။ Logic ကိုပါ သေသေချာချာ သင်နေမယ်ဆိုရင် သင်တန်းကာလ အတွင်း course က ပြီးဖို့လည်း မလွယ်ဘူးလေ။

တကယ်တန်း ကိုယ်သင်ထားတဲ့ စာတွေ့တွေက အလကား မဖြစ်သွားပါဘူး။ မေ့ရင် မေ့သွားမယ်။ တကယ်လိုအပ်လာပြီဆိုရင် အဲဒီ သင်ထားတဲ့ စာတွေက လာပြီး အထောက်အပံ့ဖြစ်မှာပါ။ ကျွန်တော့်လိုပေါ့။ OOP ကို ဖြစ်နိုင်ရင် ရှောင်ပြီး သုံးခဲ့ပေမယ့် တကယ် OOP လည်း ဖြစ်ရော ၁ ရက်လောက် စာဖတ်လိုက်တာနဲ့ သဘောပေါက်သွားတယ်။ လက်တွေ့ရေးတော့ သိသွားတယ်။ သဘောပေါက်ရုံနဲ့ မရဘူးလေ။ သိသွားဖို့က အရေးကြီးတယ်။ ကျောင်းက အတတ်နိုင်ဆုံးလုပ်ပေးနိုင်တယ်ဆိုတာကလည်း သဘောပေါက်အောင်ပဲ လုပ်ပေးနိုင်တယ်လေ။ ကျောင်းမှာက team work မရှိခဲ့တာကတော့ လုံးဝ ဆိုးရွားတယ်။ team work လေး ကို ကျောင်းမှာ ပထမနှစ်ကတည်းက လုပ်ပေးမယ်ဆိုရင် လုပ်ငန်းခွင်မှာ အဆင်ပြေတယ်။ team work မရှိတော့ team work project တွေ ရောက်ရင် အစပိုင်းတော့ နည်းနည်း ပြဿနာဖြစ်တာပဲ။ သူနဲ့ ကိုယ်နဲ့ညှိပြီး လုပ်ရတာတွေရှိတာကို။ team work အကြောင်းကတော့ နောက်မှပဲ ရေးတော့မယ်ဗျာ။ အခုလည်း ရေးရင်းနဲ့ တော်တော်ရှည်သွားပြီ။ နောက် စိတ်ကူးပေါက်မှပဲ DSE တက်တုန်းက team work အကြောင်းလေး ရေးတော့မယ်။

10 thoughts on “စာတွေ့နဲ့လက်တွေ့

  1. ကောင်းတယ်ဟေ့… OOP ဖြစ်သွားတာလဲ ဝမ်းသာတယ်.. နာလဲ VB6 ကနေ C# ပြောင်းတော့ တော်တော် ရွာပတ်သေးတယ်.. တကယ် အကြီးကြီးရေးတဲ့ ချိတ်မှသိတာ.. အဲကျေးဇူးကို.. ဒါနဲ့ စကားမစပ်.. အရင် ဘလော့မှာ ကြော်ငြာတွေမပါပါဖူး.. ခုဘယ်လိုဖြစ်တာလဲ.. စလုံးလောက်သွားလို့လား.. :P

  2. ဒါကတော့ ဒီလိုရှိတယ်အစ်ကို.. :P blog တွေ ၃ ခု ၄ ခုလောက်မှာ ထည့်ထားတာလေ… ပိုက်ပိုက်များ တကယ်ရမလားလို့ပေါ့.. :D

  3. ရေးထားတာအရမ်းကိုကောင်းပါတယ်။အကိုပြောသလိုပဲကျောင်းမှာteam work projectတွေလုပ်ပေးရင်အရမ်းကိုကောင်းမှာပါ။ကျောင်းကသင်တဲ.စာတွေကတော်တော်ကောင်းပါတယ်။
    ဒါပေမယ်.စာတွေ.များပြီးလက်တွေ.နည်းနေတော.ကျောင်းသားတွေတတ်သင့်သလောက်မတက်ဘူးဖြစ်
    နေတာ။

  4. လက်တွေ့ကတော့ ကိုယ့်ဘာသာကိုယ် အားရင် အားသလိုရေးကြည့်နေပေါ့ဗျာ… အဲဒါလေးတွေကနေလည်း အတွေ့အကြုံတွေ ရလာတယ်။

  5. SE ကတော့ပြောမနေနဲ့ SE ဆို WaterFall ဂျီးပဲ ပြေးပြေးမြင်တယ် ကျန်တာဘာမှမသိ :P

    • WaterFall က ခေတ်ကုန်သွားပြီ.. :D ကျောင်းမှာ သင်တာပဲရှိတော့တယ်.. :P

  6. အေး
    programming ရဲ့ logic ကတော့အားလုံးအတူတူပဲကွ

    တခုသိတာနဲ့အားလုံးသိပြီ

    SE နဲ့ပတ်သတ်ရင်တော့ Brainstorming လုပ်ရတာပိုကြိုက်တယ်..

  7. ခင်ဗျားတော့ မသိဘူး။ ကျွန်တော့် ဘလော့ဂ်မှာတော့ ကြော်ငြာတွေ ဖြုတ်လိုက်ပြီ။ ပိုက်ဆံလဲ လောက်လောက်လားလား မရလို့။

    • ပိုက်ပိုက်က ရဖို့ခက်တယ်.. :D ကျွန်တော် ၃ နှစ်တောင် ရှိပြီ $25 ပဲ Google Ads က ဝင်တယ်.. :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>