စိတ်ကုန်တယ်

အော်… လူတွေ လူတွေ… ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး…
ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး…
အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ….
အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ….
နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ….
သေသေချာချာ တိတိကျကျမဟုတ်ပဲ… ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး…
နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး…
ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်…
ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ…
အကုန်လုံးက IQ မမြင့်ရင်နေမယ်… IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်…
မလွတ်လပ်တဲ့ကျောင်းသားဘဝကို အေးဆေးလွတ်လပ်ပျော်ရွှင်စွာနေတတ်တယ်…
ပေါက်တတ်ကရတွေ မလုပ်တတ်ဘူး…
လုပ်တဲ့ကောင်တွေရှိတော့ ရှိမယ်.. ကိုယ်ဘာတွေလုပ်နေမှန်းမသိတဲ့ IQ နိမ့်တဲ့ကောင်တွေပဲ ဖြစ်မယ်…
ငါးခုန်းမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မယ့်ကိန်းကို ဖန်တီးနေတယ်….
ကျွန်တော် သတင်းအချို့ကို ကြားရ ၊ website အချို့က မြင်ရတော့ ရယ်ချင်တာအမှန်ပဲ….
ကျွန်တော်က စဉ်းစားတတ်ပေမယ့် မြန်မာနိုင်ငံမှာ မစဉ်းစားတတ်တဲ့လူတွေ တစ်ပုံကြီး…
media က ပြောရင် ဟုတ်တယ်မဟုတ်တယ် မသိဘူး..
မျက်စိမှိတ်ယုံတဲ့ ကောင်တွေက ပုံပင်နေတယ်…
အေးလေး… အများအားဖြင့် အဲလိုလူတွေကလည်း အလုပ်အကိုင်မရှိတော့…
media ပြောတာတွေကို နားယောင်တာပေါ့… တခြား စဉ်းစားစရာ အလုပ်မှ မရှိတာ…
ဘာပဲပြောပြော ကိုယ်လုပ်လိုက်တာ ဘယ်သူတွေ နစ်နာသွားမလဲ…
ဘာတွေ ဖြစ်သွားနိုင်လဲ စဉ်းစားပါ….

သူငယ်ချင်းတစ်ယောက်ပြောသလို…
လက်ကို ကျားကိုက်တဲ့ သတင်းကို…
ခြင်္သေ့ကိုက်ပါတယ်လို့ ရေးလိုက်တယ်…
Editor က မှားနေတယ်လို့ပြောတာ ဖြေရှင်းချက်ပေးတာက…
ခြင်္သေ့ကိုက်ကိုက် ကျားကိုက်ကိုက် သူတို့က မဟုတ်ဘူးလို့ လာငြင်းမှာ မဟုတ်ဘူးတဲ့…
ခက်တာက ကိုက်ခံထိတဲ့လူက ငြင်းချက်ထုတ်မှာတော့ မစဉ်းစားတတ်ကြဘူး…

အခုလည်း အဲလိုတွေ ဖြစ်နေပြီ… စာမေးပွဲလည်း ဖြေရတော့မယ်.. ဘာမှလည်း မဖြစ်စေချင်ဘူး…
အပင်ပန်းခံပြီး ကျောင်းသွားတက်နေရတဲ့လူတွေကို သနားပါ…
ကိုယ်ချင်းစာပါ… ပျော်လို့ တက်နေတာမဟုတ်ဘူး…
ဘွဲ့လေးလိုချင်လို့တက်နေတာ…
ဘွဲ့မရရင် သူတို့တက်တာ အလကားဖြစ်ကုန်မယ်…
ကျောင်းပိတ်သွားရင် သူတို့ တစ်နှစ်လုံးပင်ပန်းတာ အလကားဖြစ်ကုန်မယ်..
ကိုယ်ချင်းစာပါ… မဖွပါနဲ့… စကားကို စ, ကား မလုပ်ပါနဲ့….
သေသေချာချာ ကျောင်းသားတွေ အတွက် စဉ်းစားစေချင်တယ်…
နားလည်ပေးစေချင်တယ်..

5 thoughts on “စိတ်ကုန်တယ်

  1. မှန်ပါတယ်ကိုsaturnရေ…စာသင်နှစ်တစ်နှစ်ကိုဖြတ်ကျော်ရတာမလွယ်ပါဘူး….ကိုယ့်၀မ်းနာကိုယ်သာသိပါ…တကယ််
    လုပ်ချင်ရင်လဲဒီလိုဖွမနေကြပါနဲ့လို့ပဲပြောချင်တော့တယ်

  2. Not really sure of what you’re talking about, But I could agree the idea about the local media subject.

    The media has gradually become useless day by day. Being the only resource that can enrich the mind of the audience, it hasn’t been giving much of a value to its audience.

    Oh, btw, the submit comment button seems kinda weird at my browser, you might wanna have a look at it.

  3. ဘာတွေဘယ်လိုဖြစ်တယ်တော့မသိဘူး။ပို့စ်ဖတ်ပြီးစိတ်မကောင်းလို့ရေးလိုက်တာ။စာမေးပွဲတွေလည်းဖြေရတော့မယ်တဲ့။
    စာသင်နှစ်တစ်နှစ်ဖြတ်ကျော်ရတာတစ်ကယ်မလွယ်ဘူး…..

  4. i think the same.Because we should go our own way that is what i think and we own create our own life whatever what happen because we work for our life that is our mother land.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>