ဒီနေ့ကျောင်းကို သွားဖြစ်သွားတယ်။ ကျောင်းက national thesis ဆိုလို့ စိတ်ဝင်စားလို့ သွားပြီး စုံစမ်းတာလည်း ပါတာပေါ့။ national thesis မဟုတ်ခင်က 2006 က thesis တွေကိုလည်း သူငယ်ချင်း အကူအညီနဲ့ ဖတ်ဖြစ်ခဲ့တယ်။ နှမြောတယ်ဗျာ။ အချိန်တွေကို နှမြောမိတယ်။ thesis ဆိုတာက project အဆင့်သာသာလေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ theory တွေ စာတွေကတော့ အများကြီးပဲဗျ။ တကယ်တန်းလုပ်တဲ့ အပိုင်းက project သာသာတောင် မရှိဘူးဗျာ။ နှမြောလိုက်တာ အချိန်တွေကို။ thesis တစ်စောင် အတွက် အချိန်က ၁ နှစ်လောက်ပေးရတယ်။ စဉ်းစားကြည့်လေဗျာ။ ၁ နှစ်ဆိုတဲ့ အချိန်က thesis လေး တစ်စောင် ကောင်းကောင်းလောက်တော့ ထွက်သင့်တာပေါ့။ ဒါမှမဟုတ်လည်း project ထက်သာတဲ့ idea တွေ technology တွေဖြစ်သင့်တယ်လေ။ အခုဟာက ခေါင်းစဉ်ကြီးတွေကသာ လန်ထွက်နေတယ်။ အနှစ်သာရကတော့….. ဟူး…. ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာပါ စုံစမ်းခဲ့ပါသေးတယ်ဗျာ။
ကျွန်တော့်သူငယ်ချင်းက mobile phone နဲ့ ပတ်သက်ပြီး လုပ်ချင်တယ်။ရမလား ။ စမ်းဖို့အတွက် ဘယ်မှာ စမ်းလို့ရမလဲ။ seminar မှာ ပြဖို့ server တွေဘာတွေရနိုင်မလား။ မြန်မာနိုင်ငံမှာကလည်း mobile phone အတွက် Internet ပိုင်းလည်း မပေး။ SMS လေးသာ ပေးထားတယ်။ ဘယ်လိုလုပ်မှာလဲ။ ဖြေလိုက်တဲ့ ဆရာမ အဖြေကတော့ မိုက်တယ်။ အခက်အခဲလေးတွေရှိတယ်တဲ့။ လုပ်ချင်ရင် ကြိုးစားကြည့်ပေးမယ်တဲ့။ PhD တွေလည်း mobile phone အတွက်လုပ်တာတွေ ရှိတယ်။ ပိုပြီးတော့ အကုန်အကျများသွားမှာတော့ သေချာတယ်။ သေရော။ ကျောင်း thesis အတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စိုက် ။ ကျောင်းက supporting က မရ။ ထွက်လာပါတော့မယ်။ thesis ကောင်းကောင်း။ ဘယ်လိုလုပ် လုပ်ချင်စိတ်ရှိမှာလဲဗျာ။ အရေးထဲ supervisor က ရစ်သေး။ ပြီးရင် seminar မှာကလည်း ရစ်သေး။ ထားလိုက်ပါ။ seminar မှာကတော့ မဟုတ်လို့ ရစ်တာပဲ။ ကျွန်တော်တောင် thesis တွေကို ဒီနေ့ဖတ်ပြီး ကျွန်တော်ဆိုလည်း မေးခွန်းတွေ မေးမိမှာပဲ။ thesis က project သာသာလေးဖြစ်နေတာကိုဗျ။ ကျောင်းကလည်း thesis လုပ်ချိန်မှာ ဘာ supporting မှ မပေးတော့ ဘယ်သူက လုပ်ချင်မှာလဲ။
ကျောင်းက course တွေကတော့ တိုးတက်ပါအုံးမယ်။ ဒါပြီးဒါလာမယ်။ ဒါလာရင် ဒါဖြေပုံစံကြီးဗျာ။ Open မဖြစ်ဘူး။ ဆရာ ၊ ဆရာမတွေအစ internet သုံးလို့မရ။ ကျောင်းသား ကျောင်းသူတွေ မပြောနဲ့ ဆရာ ၊ ဆရာမတော်တော်များများတောင် internet ဆိုတာ ကောင်းကောင်းမသိ။ internet မှာ စာအတွက် လိုအပ်တာတွေကို ဘယ်လိုရှာဖွေရမလဲဆို ဝေလာဝေး။ သုံးတတ်တဲ့ ဆရာ ၊ ဆရာမတွေကတော့လည်း ကျောင်းမှာ ဇိမ်ကျကျလေးမသုံးရ။ သုံးခွင့်ကိုမရှိလို့ပါဗျာ။ IPStar ကြီးကို အလှပြထားတာကြီး။ ဘာလဲဗျာ။ နှမြောဖို့ ကောင်းလိုက်တာ။ နည်းပညာတိုးတက်ရေးဆိုပြီး ပါးစပ်က အော်နေပြီးတော့ ဒီပုံကြီး ဘယ်လိုလုပ် တိုးတက်မှာလဲ။ ပြောခံထိတာတောင် နည်းသေး။ Computer က ကောင်တွေ အပြင်မှာ သင်တဲ့ကောင်လောက်တောင် မတက်ဘူးလို့။ ပြောခံလည်း ထိသင့်တယ်။ Internet မပြောနဲ့ ebook တောင် ဖတ်တာမဟုတ်။ ကျောင်းစာတွေကို အသေပဲ ကျက်။ ပြောင်းလဲတဲ့ နည်းပညာ မပြောနဲ့ ကျောင်းစာအုပ်ထဲက နည်းပညာ ကို မေး ။ သိဘူး။ အဲ.. ခေါင်းစဉ်နဲ့ မေးလိုက်.. တတွတ်တွတ်တော့ ရွတ်ပြလိုက်မယ်။ ဆရာ ၊ ဆရာမတွေလည်း ကြာတော့ လေ့လာ စွမ်းအားတွေ ကျကုန်တာပေါ့ဗျာ။ ကျွန်တော်မေးလိုက်ချင်ပါတယ်။ နည်းပညာကို တကယ်ကော တိုးတက်စေချင်ရဲ့လားဗျာ။ မတိုးတက်စေချင်လည်း ဘာမှ မပြောပါနဲ့လား။ ပါးစပ်က အော်နေပြီး လက်တွေ့က ဘာမှ မချပေးလို့ ကျောင်းသားကျောင်းသူတွေ သူများ ပြောခံထိတာပဲ ရှိတယ်။
နည်းပညာ မတိုးတက်ခင် အရင်ဆုံးတော့ အခြေခံ သင်ရိုး သင်ကြားပုံတွေ ပြောင်းသင့်ချိန်တန်ပြီဗျာ။ အခြေခံ သင်ကြားပုံ မပြောင်းလဲပဲ အဆင့်မြင့် နည်းပညာတိုးတက်ရေးအော်နေရင် မထူးပါဘူးဗျာ။ အရင်ဆုံးတော့ အခြေခံပညာတိုးတက်ပြောင်းလဲရေးကို လုပ်သင့်နေပြီ။ ဒီမှာ Master ပြီးလို့ စလုံးရောက်တဲ့လူတွေ မျက်နှာငယ်တဲ့ကိစ္စတွေလည်း မပြောချင်တော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မမြင် အပြစ်မတင်ချင်ပါဘူးဗျာ။ ဒီအချိန်မှာ မွေးမိတာ ကိုယ့်ကံပဲပေါ့။ ကိုယ်လုပ်နိုင်တာလေး လုပ်ပြီးပဲ ပါးစပ်လေး ပိတ်ပြီး ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။ ကျောင်းလည်း ပြီးသွားပြီ။ ဘဝကြီးလည်း စလေပြီ။ မုန်တိုင်းတွေလည်း ကြုံကောင်းကြုံမယ်။ ပျော်ခြင်းတွေလည်း တွေ့ဆုံနိုင်တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ ရှင်သန်နေတော့မယ်………….. မျှဝေခြင်းနဲ့ ပျော်ရွှင်တော့မယ်….
အကိုကြီးရေဒီpost ကို တော ့ကြိုက်တယ်ဗျာ။အခုကျန်တောတို ့ကျောင်းမှာလဲအဲဒီလို ဖြစ်နေတာ(UCSM).thesis ကဘာလဲမသိဘာဘူးဆိုစာဖတ်စာဖတ်လို ့ဘဲပြောနေတာ။ဘာကိုဘယ်လိုလုပ်ရမယ်ဘယ်ဆိုတာမပြောဘူးမသိရင်တော့လာထားဘဲ
thesis စလုပ်မယ် ့ညီလေးတွေကို ဘယ်လိုလုပ်ရမလဲဆို တာလေးguide line ပေးတဲ ့PSOT လေးတွေတင်ပေးပါလား
UCSY isn’t jux a waste of time but also a waste of ur ability and strength(coz u’re not using them to study hard or anything,u’re jux using them to ride a school bus or ur car all the way from ur home and jux to get to UCSY o_O! think abt it?),it might even suck out ur creativity(that’s if u’re a creative guy but if not that’s not a problem).The students in UCSY may be seem as IT students but I mean they don’t even get a chance to look at the computers whenever they want not to mention using one.I remember my friend from UCSY asked me how to turn the computer on and I was like O_O!!! .Anyway, good article.
ကိုယ့်ဒုက္ခကိုယ်ရှာတာကိုး စေတန်ရယ်။ သွားဖတ်တာကိုက အပြစ်ပဲ။ ကျွန်တော်ဆို libraryကို ဖြတ်လျှေက်ရုံလေးပဲ ဖြတ်လျှေက်တယ်။ အလွန်ဆုံး သူငယ်ချင်း စာအုပ်ငှားတာလိုက်ပေးရုံပဲ။ အဲ့ဒိစာအုပ်တွေကို တို့တောင်မတို့ဘူး။ ကျောင်းမှာဆိုရင် စက်ခန်းကို စက်ပြင်ဖို့နဲ့ gameဆော့ဖို့ကလွဲရင် မ၀င်ဘူး။ UCSY ဟာ ဘွဲ့ရဖို့ကလွဲရင် မတက်သင့်တော့ပါဘူး။
(
♫ စိတ်လျှော့လိုက်တော ့ဒီအတိုင်းဆိ ုအဆင်မပြေဘူး♫
UCSY တောင်ဒီလိုဖြစ်နေမှတော့ နယ်မြို့ကကျောင်းတွေမှာဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေတော့ဗျာ၊ နယ်ကွန်ပျူတာကောလိပ်တွေမှာဆိုစာတွေတောင် Internet မပြောနဲ့ ရိုးရိုးကွန်ပျူတာတောင် ကိုင်ချိန်မရပါဘူးဗျာ၊ စက်တွေကလည်းပျက်နေတာနဲ့။ သင်နေတဲ့ program တွေကိုလည်းစိတ်မှန်းနဲ့ run နေရတော့ ဘယ်ကျောင်းသားက စိတ်၀င်စားတော့မှာလဲဗျာ။ ကျောင်းစတတ်တုံးကတော့ မျော်လင့်ချက်ကြီးတွေနဲ့ နောက်ဆုံးတော့ ပျက်စီးရော။ တကယ်စိတ်မကောင်းပါဘူးဗျာ
ဒါတွေကို ကျွန်တော်သိတယ်။ ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲ။ မတတ်နိုင်ဘူး။ ကိုယ်ဘာသာကိုယ် အပြင်မှာသင်ပေါ့။ လိုအပ်တဲ့ သင်တန်းတွေတက်။ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေရအောင်ဖြေ။ လက်တွေ့ပိုင်းရအောင်ကြိုးစား။ ဆိုင်ရာဆိုင်ရာ အလုပ်ခွင်ထဲ ၀င်။