Ask Question in MZ User
6

နားမလည်နိုင်တဲ့ UCSY

Posted June 15th, 2008 in UCSY by saturngod Readability

ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ... ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ.... ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး... ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်... ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ.... တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့... အဲ... Master လည်းရောက်ရော... ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ... master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော... ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော... ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့... အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ... အဲဒါကို သွားအပြစ်တင်တော့.... အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ... အခြေခံမရိုက်သွင်းထားတဲ့ ကျောင်းကို အပြစ်တင်ရမှာလား... အခြေခံမရှိပဲ မလုပ်တတ်တဲ့ ကျောင်းသားတွေပဲ အသုံးမကျတာလား.... ဘယ်သူ့ အပြစ်မှန်းတော့ မသိပါဘူး...

အဲ.. နောက်တစ်ချက်က တတိယနှစ်က တစ်နှစ်လုံး သင်ပေးလိုက်တဲ့ VB 6 , Java ကိုတော့ second year မှာ နည်းနည်းလေး မဆိုသလောက် GUI ပိုင်းတွေ မပါ... database ချိတ်ဆက်နည်းတွေ မသင်... VB မှာတော့ database ပိုင်းလေးတွေပါသင်တယ်။ အဲ.. Master Thesis ကတော့ VB နဲ့လုပ်လို့ရဘူးတဲ့။ အန်.... သူတို့ ကောင်းကောင်းသင်လိုက်တာ VB လေ.... ထားပေါ့.... out of date ဖြစ်လို့ဆိုပြီး VB.NET ရမလားအောက်မေ့တယ်... မရပါ... C# နဲ့မှ ရမယ်တဲ့... သင်ခဲ့တာက C++ နည်းနည်း Java မဆိုသလောက် သင်ပြီး C# ဆိုတာ ဘာမှန်းတောင် မသိတဲ့ ကျောင်းသား ကျောင်းသူတွေပဲ ညံ့နေတာလား... လုံးဝမသင်ဘူးတဲ့ langauge နဲ့ Thesis လုပ်ခိုင်းတာ အပြစ်လား... အဲ... web ပိုင်းဆိုလို့ HTML နဲ့ Javascript ပဲ သင်လိုက်တာ... CSS ဆိုတာ မသိ... ASP.NET , PHP ,JSP ဆိုဝေး... AJAX ဆိုတာ ဘာကြီးလဲလို့ မေးနေတဲ့ ကျောင်းသားတွေက တစ်ပုံတစ်ပင်.... Theory ပိုင်းတွေကတော့ ကောင်းပါ့... ခက်တာက အလွတ်ကျက်... လက်တွေ့က ဝေးကွာ... ဘာမှန်းကို မသိတော့ ဘယ်မှာ သုံးမရမလဲဆိုတာ ဝေး... ကျောင်းစာတွေကို http://www.mysteryzillion.com/forums/blog.php?b=19 အဲမှာလို သင်ပေးရင်တော့ သဘောပေါက်လွယ်သား.... အမှန်တိုင်းပြောရင် ကျောင်းကို နိုင်ငံတကာ အဆင့်မှီစေချင်တယ်... ဆရာ ဆရာမတိုင်းလည်း မှီချင်မှာပဲ... တစ်ခြား လူမသိနိုင်တဲ့ အခက်အခဲလေးတွေလည်း ရှိကောင်းရှိမှာပေါ့.. တနေ့နေ့ တချိန်တချိန်မှာ နိုင်ငံတကာ အဆင့်မှီ ဖြစ်ကောင်း ဖြစ်လာမှာပါ...


6 Responses so far.

  1. Kaung says:

    UCSY တင်မက မြန်မာနိုင်ငံက University တိုင်းမှာ ဒီလို ကျက်ဖြေစနစ် ပဲ ဖြစ်နေတာ အတော်မကောင်းတဲ့စနစ် ပါ။
    ဒီလိုမှ လုပ်တာတောင်မှ သေချာမဖြေနိုင်ကြပဲ လျော့လျော့ပေါ့ပေါ့ အောင်အောင် ပေးနေရတယ်လို့ ကြားပါတယ်။
    ဒါပေမယ့် သင်တဲ့အခါမှာတော့ သင်ရိုးကုန်အောင် သင်တဲ့အတွက် ဆရာသင်တာကို တစ်ခေါက် နားထောင် လိုက်ရင်တော့ နည်းနည်းတော့ သိကြမှာပါ။ စာမေးပွဲ နဲ့ Roll Call ပဲ အလေးထား နေတဲ့အတွက် ဆိုးနေတာပါ။
    Master မှာတော့ နည်းနည်း အဆင့်မြှင့်မှပဲ ဖြစ်တော့မှာပေါ့။ ကြိုးစားချင်စိတ် ရှိသူတွေ အတွက်တော့ နည်းနည်း အားစိုက်ထုတ် ကြိုးစားရင် ကိုယ့် Thesis ကိုယ် လိပ်ပြာသန့်သန့် ရေးနိုင်မှာပါ။ အဓိက ကတော့ လူငယ်တွေ ကြိုးစားကြဖို့ပါပဲ။

  2. Star Lay says:

    ကိုစေတန်ရေ
    UCSY ကိုကြောက်လာပြီဗျ ...
    အောင်မယ်လေးဗျ

  3. ခရမ်းပြာ says:

    ဟုတ်တယ်နော် UCSY က တော်တော်ကို မကောင်းတာ နောင်လာနောင်သားတွေ မတက်ကြအောင်လို့တော့ သတိပေးရမယ်.ပြီးတော့ မြွေတွေ ကင်းတွေလဲ ပေါတယ်
    ခရမ်းပြာ တို့ဆိုရင် နေ့တိုင်းလိုလို မြွေတွေရော ကင်းတွေရော တွေ့တယ် . တောက်တဲ့တွေတောင် ပါသေးတယ်
    ကိုစေတန်ရေ .....
    ခရမ်းပြာတော့ UCSY တက်မိတာ မှားပြီထင်တယ်

  4. Anonymous says:

    That's right!

  5. Anonymous says:

    ကိုစေတန်ရေ...Master တန်းမဆိုနဲ့ Undergrad တွေတောင်အမှန်က
    စာအုပ်တွေအများကြီးဖတ်ဖို့လိုပါတယ်။ အရှေ့တိုင်းကကျောင်းတွေမှာ အခြေခံပညာရေးကစလို့။
    ခွံ့ကျွေးလာခဲ့လေတော့၊ အတန်းကြီးလာတော့လည်း ဆရာတွေ ပြင်ဆင်ပေးထားတဲ့ Materials
    တွေနဲ့ပဲ စာကျက်စာဖြေ အောင်ပြီးရောဟာ မြန်ပြည်ကို မဆိုထားနဲ့၊ စင်ကာပူလိုနိုင်ငံမှာတောင်
    ဖြစ်နေတာပါ။

    ပြသနာကတော့ Text Book ဖတ်တဲ့ ကျောင်းသားက လက်ချိုးရေလို့ရတယ်။
    ကျောင်းသာပြီးသွားတယ် Text Book မ၀ယ်တဲ့ ကျောင်းသားလည်းရှိရဲ့။

    ကျောင်းခန်းထဲမှာ သင်တာဟာ Guide လုပ်ပေး၊ သိပ်ခက်တာကိုရှင်းပြပေး၊ ဆရာနဲ့ ဆွေးနွေးနှီးနှောရေးအတွက်သာဖြစ်လာပါတယ်။ အသေးစိတ်ကို လူအများကြီးအတွက် ဆရာကရှင်းပြသင်ပေးရရင် ကျောင်း ကို နောင် ဆယ်နှစ်လောက်ထပ်တက်ရလိမ့်မယ်။
    ကျောင်းသားက အသေးစိတ်ကို Text Book မှာဖတ်။ Reference စာအုပ်တွေနဲ့ ရေးသားပုံ၊
    အကြောင်းအရာ၊ ဥပမာ တွေကို ယှဉ်ပြီး၊ ဖတ်ကာမှ အကြောင်းအရာတစ်ခုပေါ်မှာ နားလည်ပုံ ခိုင်မာပြီး၊ စာမေးပွဲ မေးခွန်းလှည့်တယ်ဆိုတာ ဘာလဲ လို့ပြန်မေးရပါလိမ့်မယ်။

    နိုင်ငံတစ်ကာ အဆင့်မီဖို့က ဘယ်ကျောင်းပြီးမှာ ညာကျောင်းပြီးမှ မဟုတ်ပါဘူး။
    MIT မှာသင်တဲ့ Text Book ကို ကိုယ်ဖတ်၊ သူတို့ကျောင်းသားတွေရဲ့ အတွေးအမြင်မျိုး၊
    အရည်အသွေးမျိုးရှိရင်၊ ကိုယ်လည်း နိုင်ငံတစ်ကာ အဆင့်မီပါတယ်။ ဒါပေမယ့် သူတို့ကျောင်းသားတွေကို ပေးတဲ့ Training မျိုး၊ အထောက်အကူပစ္စည်းမျိုးမရှိလေတော့၊
    သူတို့ ထက်အားနည်းမယ်ဆိုတာ အသေအချာပေါ့ဗျာ။

    လိုရင်းကတော့ဗျာ၊ အားမငယ်ဖို့နဲ့၊ စာဖတ်ရတာကို စိတ်မညစ်ဖို့။
    သူများ Master တစ်နှစ်နဲ့ပြီးလို့ ငါမပြီးရကောင်းလားလို့ စိတ်မညစ်ပါနဲ့။
    ကိုယ်က နှစ်နှစ်လေ့လာပြီး ပိုကောင်းတဲ့ Thesis တင်နိုင်တာမျိုးကို ဂုဏ်ယူပါဗျာ။

  6. Anonymous says:

    ကိုစေတန်ရေ ကျွန်တော် မာစတာ တက်စတုန်းက ဆူပါဗိုက်စာ က ဘယ်လောက်သိလာလဲလို့ မေးခွန်းတွေ မေးတယ်ခင်ဗျ။ ဟဲ တစ်ခုမှ မသိ။ ဒါနဲ့ ဆရာက မင်းအဆင်း က ဇီးရိုးပဲ ဆိုပြီး တစ်နေ့ ၂ နာရီ အနီးကပ် စသင်ပေးပါတယ်။ မာစတာပြီးလို့ ပီအိပ်ခ်ျဒီ တက်တော့လဲ မင်းက အခုမှ အလုပ်စလုပ်တတ်ကာစပဲ ရှိသေးတယ်လို့ ပြောပါတယ်။ ခု ပြန်ခါနီးမှာ ဘာပြောလဲဆိုတော့ မင်း စလာတုန်းက ဇီးရိုး လယ်ဗယ် အခု အလုပ်လုပ်တတ်လာပြီ ဆိုပြီး လက်ခံလာပါတယ်။

    တကယ်က မြန်မာပြည်မှာက ဆရာတွေ ညံ့တယ်လို့ တော့ မဟုတ်ပါဘူး။ ကျောင်းသားတွေကလဲ ကိုယ့်ဘာသာကိုယ် လေ့လာရမှန်း သိတဲ့သူနည်းပါတယ်။ အဲ သိတဲ့ သူက ကြာလေ သာလေ ပေါ့ခင်ဗျာ။ ကျွန်တော့်တုန်းကတော့ မြန်မာပြည်မှာ လက်လှမ်းမီသလောက် ကြိုးစားတာပဲဗျ။ ဆရာတွေကလဲ သင်ကြရှာပါတယ်။ ဒါပေမယ့် ဟိုရောက်တော့ ဇီးရိုး တဲ့လေ။ ကျွန်တော်တို့ မျိုးဆက်တွေ ရာစုနှစ်နဲ့ ချီပြီး အသေအကြေလုပ်မှ သူများကို လိုက်မှီမှာဗျ။ တစ်ယောက်နှစ်ယောက် ပဲ လုပ်နေကြလို့ အခုလို ဖြစ်နေတာလို့ ထင်မိပါတယ်။ လုပ်နေတဲ့ သူတွေကလဲ စာတွေ ပေတွေနဲ့ သိပ်ချန်ထားတာ မတွေ့မိဘူးဗျာ။ စာမေးတာဆိုလို့လဲ ကိုယ်က ကိုယ်တတ်နိုင်သလောက် အသေအချာ လေ့လာပြီး နားမလည်လွန်းမှ မေးတာမျိုးမဟုတ်ဘဲ အလွယ်တကူနဲ့ နားမလည်ဘူးဆိုပြီး လက်လျော့လိုက်ကြတယ်။ သူတို့ကို ရှင်းပြရင်လဲ အခြေခံကမရှိ။ အသေးစိတ်ရှင်းပြတော့လဲ သူတို့က solution ကိုသာ လိုချင်တယ်။ ဒီလို မျိုးချည်းသာဆို ခက်မယ်။ ဘယ်လောက်ဆိုးလဲဆို သူတို့ကို နည်းပညာကို ဘယ်လိုလေ့လာရတယ်ဆိုပြီး အသေးစိတ်ရှင်းပြမိတာ ကျေးဇူးမတင်တဲ့အပြင် လိုတာကို ကွက်မပေးလို့တဲ့ ဗျာ.. ထပ်မလာတော့ဘူး။ နောက်ပြီး နားမလည်ရင် ငါသင်ပေးမယ်ဆိုတော့ လာတော့လာပါတယ်။ မေးမြန်းပြီး အခြေခံလေးလိုသေးလို့ အခြေခံ အလွယ်ဖတ်လို့ရတဲ့ ဦးအောင်မြင့်လို စာအုပ်လေးအရင် ဖတ်ခိုင်းလိုက်တာတောင် စာသင်ပေးမယ်ဆိုပြီး စာအုပ်ပဲ ဖတ်ခိုင်းတယ်လို့ ကွယ်ရာမှာ ပြောသဗျ။ ပြန်လဲ မလာတော့ဘူး။ ဒီတော့ စိတ်ဓါတ်တွေ အတော်ပြင်ကြဖို့ လိုနေတယ်ဗျာ....

Leave a Reply