ကျောင်းသားဘဝက DBMS

ဒီနေ့မှ ကျောင်းက DBMS စာအုပ်လေးတွေ့လို့ လှန်လျော ကြည့်လိုက်တယ်.. တကယ်ကောင်းတဲ့ စာအုပ်ပဲ… ကျွန်တော် မှတ်ထားတာမှားတာလေးတွေ… အဲ တော်တော်များများ မှတ်ထားတာ မှားနေတာကို တွေ့ရတယ်… အခု ဒီစာအုပ်ကို ဖတ်နေတဲ့သူက UCSY Hons ပြီးတဲ့သူဆို ကျွန်တော်မေးကြည့်ချင်ပါတယ်… Distribution Database , Rational Database အဲဒါတွေက ဘာတွေလဲ… ကျွန်တော့်အထင် တော်တော်များများ သိမှာမဟုတ်ပါဘူး.. ကျွန်တော်လည်း သိတော့သိတယ်.. ဒါပေမယ့် အပြည့်အစုံမသိဘူး.. သိတဲ့ဟာတွေက တချို့အပိုင်းလေးတွေ မှားနေတာတွေ့ရတယ်… CJ.Date ရေးတဲ့စာအုပ်က တော်တော်ကောင်းပါတယ်.. ခက်တာက သူများတွေတော့ မသိဘူး… ကျောင်းတက်တုန်းက စာမေးပွဲနီးရင် ဟိုကနေ ဟိုအထိ… ဒီအပိုင်းမပါဘူး.. ဟိုဟာကို ဖျက်… ဒီကနေဒီအထိပဲ… ဆိုပြီး ကွင်းတွေဝှက်လာတာ.. အဲဒါလေးပဲ ဖတ်လာတာ… အမှန်တိုင်းပြောရင် ဖတ်တော့ ဖတ်လိုက်တာပဲ ရှိတာ.. သေသေချာချာ နားမလည်ဘူး.. သေသေချာချာ နားလည်စရာလည်း မလိုဘူးလေ… စာမေးပွဲက နှိုက်နှိုက် ချွတ်ချွတ်မေးတာလည်းမဟုတ်… ကိုယ်နည်းနည်းပါးပါး ဖောတတ်အောင် နားလည်ရင် အောင်ပြီလေ… (အဲဒါကြောင့်ပဲ DBMS ကို ကြာလေလေ ဝေးလေလေ ဖြစ်လာတာပဲ) မနက်ဖြန်စာမေးပွဲဖြေမယ်ဆို ဒီနေ့ည ကွင်းတွေဝှက်တဲ့အထဲကမှ ကိုယ်နားလည်တဲ့အပိုင်းလေးပဲဝှက်… နားမလည်တဲ့ပိုင်းတွေကို ဖြုတ်…. အဲဒါနဲ့ စာလေးတွေက နည်းနည်းတိုတိုလေးတွေဖြစ်ကုန်ကော.. အဆက်အစပ်တော့ ရှိပါရဲ့ မပြည့်စုံတော့ဘူးပေါ့… အော်… သေသေချာချာ စာဖတ်လို့ရမယ့်နေရာ.. စာဖတ်လို့ကောင်းမယ့်နေရာ ကျောင်းမှာရှိရင်ကောင်းမှာပဲ… သူများတွေပြောပြောနေတဲ့ ကျက်စာတွေကို ကျွန်တော်က DBMS အပါအဝင်အဲလိုလုပ်ခဲ့တော့ အမှတ်နည်းမှာ သေချာတယ်… သူများတွေက ၃ မျက်နှာ ၄ မျက်နှာ ဖြေရတာကို ကျွန်တော့်မှာတော့ ၁ မျက်နှာလောက်ပဲရှိတယ်.. စဉ်းစားမိရင်တော့ ရယ်ချင်တာအမှန်ပဲ.. UCSY က လူတွေ ကျက်အားလား.. ဖတ်အားလား.. မှတ်အားလားတော့ မသိပါဘူး… တကယ်တော်တာတော့ အမှန်ပဲ…. နှမြောဖို့ကောင်းတာက ဖြေပြီး ဘာမှန်းမသိလိုက်တာပဲ… Privileges ဆိုတာ ဖြေတုန်းက သိလိုက်တယ်… အခုတော့ မသိတော့ဘူး.. အဲလိုတွေ အများကြီးပဲ…

ကျွန်တော်လည်း CJ.Date စာအုပ်မှာ SQL အပြင် အခြား syntax တွေပါသေးတယ်.. အဲဒါတွေ ဘယ်မှာသုံးရမှန်းမသိ.. အခုထက်ထိလည်း မသိသေးတာအမှန်ပဲ… အဲ… google မှာရှာလိုက်ရင်တော့ ဘယ်မှာ ဘယ်လိုသုံးလဲဆိုတာကိုတော့ လွယ်လွယ်ကူကူသိနိုင်မှာပါ..

အော်… သေသေချာချာစဉ်းစားမိရင်… အချိန်တွေ… အချိန်တွေ….

2 thoughts on “ကျောင်းသားဘဝက DBMS

  1. ဟုတ်တယ် Saturngod .. ကျောင်းတုန်းကစာတွေက တကယ်ကို ကောငး်ပါတယ်…
    ကျောင်းပြီးလို့ အပြင်ရောက်မှ တကယ်ကို အသုံး၀င်တယ်ဆိုတာသိလိုက်တော့… ကျောင်းတက်တုန်းကအချိန်တွေကိုတော်တော် နှမြောမိတယ်…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>