မောတယ်

Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအကျင်္ ီမဝတ်ရဘူး။ ဒီအကျင်္ ီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။
ကျောင်းမှာ သင်ရတဲ့ course တွေက နိုင်ငံတကာ အဆင့်မှီပေမယ့် သင်ကြားပုံက အဆင့်မမှီတော့ ကျောင်းသားတွေ အတွက် ဘာမှ မတတ်ဘူးဖြစ်သွားတယ်။ အချိန်တွေ နှမြောဖို့ ကောင်းတာပေါ့ဗျာ။ ကျောင်းသွားချိန်က မနက်အစောကြီး။ မနက်အစောကြီး စာသင်ရတာတော့ ကောင်းတယ်။ ဒါပေမယ့် ကျောင်းကား ၁ နာရီလောက်စီးလိုက်တော့ စိတ်က ညစ်ညူးသွားပြီ။ မနက်ပိုင်း စိတ်ညစ်ညူးသွားရင် တနေကုန် စာသင်လည်း ခေါင်းထဲမဝင်တော့ဘူး။ ညနေ ကား ၁ နာရီပြန်စီးရတော့ အရမ်းပင်ပန်းပြီး အိမ်ရောက်ရင် အိမ်ချင်လာကော။ ဒါပေမယ့် ကျူရှင်ကို ထပ်သွားရသေးတယ်။ ကျူရှင်မှာ စာထပ်သင်။ ပြီးမှ အိမ်ပြန်။ ပြန်ရောက်တော့ ည ၈ နာရီ လောက်ထိုးနေပြီ။ တနေ့ကို ၁၂ ကျော် အလုပ်လုပ်ရတဲ့ ကျောင်းသားတစ်ယောက်မှာ မနက်ပိုင်း အရမ်းအပင်ပန်းခံရတော့ တနေကုန် စာသင်လည်း မထူးဖူးပေါ့။ ကျောင်းကားစီးရတာ ပျင်းရိခြောက်သွေ့ဖွယ် တကယ်ကောင်းတာ။ ကျောင်းလမ်းကလည်း ဆိုးပါ့။ ခုန်ကလည်း ခုန်။ ယောက်ကျားလေးတွေဆို နေရာမရှိ မတ်တပ်ရပ် စီး။ မနက် အစောကြီး ၁ နာရီလောက် မတ်တပ်ရပ် စီးလာတဲ့ ကျောင်းသားက တနေကုန် ဘယ်လို စာသင်ချင်စိတ်ရှိတော့မလဲဗျာ။ အခုနောက်ပိုင်း ၄၈ အထူးတွေ ရှိတော့ ကျောင်းသားတွေမှာ ကျောင်းသွားကျောင်းပြန် အရင်ကထက်တော့ အဆင်ပြေသွားတယ်။ ဒါပေမယ့်လည်း Fire Road ကြီးကို ဖြတ်ပြီး သွားရသေးတယ်လေ။ အဲဒီ ပင်ပန်းတဲ့ ဒဏ်လေးတော့ ခံနေရစမြဲပဲ။ မပြောချင်တော့ပါဘူးဗျာ။ ပြောရတာ မောတာပဲရှိတယ်။ တချို့ အစွန်းရောက် စည်းကမ်းတွေက ကျောင်းသားတွေရဲ့ ဖန်တီးနိုင်စွမ်း ဉာဏ်ပညာကို ဖျက်စီးလိုက်တယ်။ အဲဒါတွေက လွန်စွာ ဆိုးရွားလွန်းအားကြီးပါတယ်။ ထားပါ…. ကိုယ့်ဘာသာကိုယ် computer တက္ကသိုလ်တက်မှ ဂုဏ်ရှိတယ်လို့ ထင်နေတဲ့လူတွေလည်း ရှိသေးတော့ ပြောလည်း မထူးပါဘူး။ အင်းလေ… တခြား အဝေးသင် major ဘွဲ့တွေထက်တော့ တော်သေးတာပေါ့….. MZ မှာ မေးထားသလို ကျောင်းပြီးရင် ဘာလုပ်မလဲ….. အဲဒီ မေးခွန်းလေးတော့ သေသေချာချာ စဉ်းစားထားသင့်တယ်…

4 thoughts on “မောတယ်

  1. မှန်ပါ့ဗျား… ကျွန်တော်က ကွန်ပျူတာ တက္ကသိုလ်မတက်ပေမယ့် ဒဂုံက ကွန်ပျူတာ သိပ္ပံဆိုတာကြီးးတက်နေရတာလေ… သင်ရိုးတွေက နိုင်ငံတကာ အ ဆင့်မှီပေမယ့် သင်တဲ့ဆရာမတွေက …………………….ကြောင့် ဘာဆို ဘာမှမတက်ပါဗျာ…။ နောက်ပြီး သွားရတဲ့ နေရာကလည်း လယ်ကွင်းတွေကြားမှာဆိုတော့ အစ်ကိုပြောသလို တကယ်ပဲ စိတ်ကုန်စရာကောင်းတယ်

  2. အင်း… လူငယ်တွေအတွက် ရင်လေးတယ်……….။ ဒါပေမယ့် ကိုယ်တိုင်ကလဲ အဲဒီ လယ်ကွင်းတွေကြားထဲမှာပဲ တက်ခဲ့ရတာဆိုတော့…………

  3. ကျောင်းစာမေးပွဲကလည်းကျ၊အောင်တဲ့သူကလည်း တစ်မျိုးကြီးတွေဖြစ်တော့ ဟင်း…….အံ့သြပါတယ်ဗျာ။

  4. စည်းကမ်းတွေအကြောင်းတော့ မပြောချင်တော့ပါဘူး။ သူတို့ကိုယ်သူတို့ အကောင်းဆုံး စီမံနိုင်သူတွေကျနေတာပဲ။ နောက်တော့လည်း ဘာမှမဟုတ်ဘူး။
    သင်ကြားပုံကတော့ စိတ်၀င်စားစရာပဲ မနပ်တာလို့ ပြောလို့ရတယ် နပ်တဲ့ဆရာ/မ ကျပြန်တော့ ကျောင်းသားက မကြိုက်ပြန် း) နိုင်ငံခြားတက္ကသိုလ်တွေက သင်ကြားပုံက ဒီလို- ဒီအကြောင်းလေး နည်းနည်းပြော မေးခွန်းတွေ အဆိုင်းမင့်တွေ တစ်လှေကြီးပေး ဘာစာအုပ်ဖတ် ဆိုပြီး ပြန်လွှတ်လိုက်တာ။ အဓိကကတော့ ဆရာတွေ မနပ်ပဲ ကျောင်းသားတွေ ပျင်းတာလို့ပဲ ပြောရမယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>