Pirates of the Silicon Valley (1999)

ဒီ video အကြောင်းလေးရေးပြီးပြီလို့ထင်လို့ ပြန်ရှာကြည့်တာ ရှာမတွေ့တာနဲ့ ပြန်တင်လိုက်တယ်။ Computer သမားဆိုရင်တော့ အဲဒီ ကားကို ကြည့်ဖူးသင့်တယ်လို့ ထင်တယ်။ Windows ကို မွေးဖွားခဲ့တဲ့ Microsoft ဖြစ်လာပုံ နောက်ပြီး Mac ဆိုတာကို မွေးဖွေးပေးခဲ့တဲ့ Apple ဖြစ်လာပုံအပြင် Steve Job , Bill Gate အကြောင်းတွေပါ ပါဝင်တဲ့ ကားကောင်းလေးပါ။ ၁၀ နှစ်ကြာနေပြီဖြစ်ပေမယ့် ကားကောင်းလေးတော့ အမှန်ပဲ။ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ။ ကြည့်ဖူးတာကတော့ ကြာပါပြီ။ သူငယ်ချင်းတွေကိုလည်း ပေးခဲ့တယ်။ Computer သမား တော်တော်များများ ကြိုက်တဲ့ ကားလေးပါ။

pic

ရုပ်ရှင်ကားမှာ Steve Jobs နဲ့ Bill Gate ကို ယှဉ်ပြထားတယ်။ Steve Jobs က အရမ်းတော်တယ်။ ဒါပေမယ့် သူ့ စိတ်က အရမ်းဆတ်တယ်။ ပေါင်းသင်းဆက်ဆံရ ခက်တဲ့ လူမျိုးပဲ။ Bill Gate လည်းတော်တာပဲ။ ဒါပေမယ့် သူတော်တဲ့ပုံက Steve Jobs နဲ့မတူဘူး။ Steve Jobs က နည်းပညာပိုင်း ဖန်တီးတဲ့ idea တွေ ကောင်းတယ်။ Bill Gate က ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ လိုချင်တာကိုလည်း ဘယ်လိုရအောင် လုပ်ရမယ်ဆိုတာ သိတယ်။ ရုပ်ရှင်ကားမှာ Steve Jobs တို့အဖွဲ့က Xerox ကနေ ခိုးချတယ်။ Bill Gate က Apple ကနေ ထပ် ခိုးချတယ်။ တစ်ကားလုံး ကြည့်လို့ ကောင်းတယ်။ အခု အချိန်လို computer ပေါ်လာတာ ဝုန်းဒုန်းကြီးပေါ်လာတာ မဟုတ်ဘူး။ တဆင့်ချင်းဆီ ဖြစ်လာတာကိုလည်း တွေ့ရတယ်။ ဇာတ်လမ်းထဲမှာ အဲဒီအချိန်ုတုန်းက IBM က တကယ့် ဆရာကြီး။ Bill Gate ကလည်း Steve Jobs ဖုန်းခေါ်ရင် ချက်ခြင်း ပြေးသွားရတဲ့ ဘဝ။ Steve Jobs ကလည်း IBM ကိုပဲတကယ့်ရန်သူလို့မှတ်ထားတဲ့ အချိန်။ computer သမားလို့ကိုယ့်ကို ယူဆ ထားရင်တော့ အဲဒီ ကားလေး ကြည့်သင့်တယ်။

အခြား ရုပ်ရှင်ကားတော့ မဟုတ်ပဲ Documentary ပုံစံလေး ရိုက်ထားတဲ့ ကားလေးတွေ ရှိသေးတယ်။

– Revolution OS

– Code Rush

– Go Open Source (Season 1 and 2)

Code Rush နဲ့ Go Open Source ကတော့ မကြည့်ရသေးဘူး။ Revolution OS ကတော့ ဒီ အပတ် weekend မှ ပဲကြည့်ဖြစ်တော့မယ်။

6 thoughts on “Pirates of the Silicon Valley (1999)

  1. စေတန်ရေ ကြည့်ချင်တဲ့လူများရှိရင် ကြည့်လို့ရအောင် လင့်ခ်လေးပါရှာပြီးတင်ပေးလိုက်တယ်နော်။

    http://www.novamov.com/video/4af54bbd590dc

    အကြည်နော် မှုန်ဝါးဝါးမဟုတ်ဘူး။ ကျွန်တော်တောင် ဒေါင်းပြီးသွားပြီး မကြည့်ရသေးဘူး။

    • Megaupload နဲ့တော့ Link ရှိတယ်။ :D လိုချင်ရင်ပေးမယ်လေ။ DVD version။ Megaupload Link ပဲရှိလို့။

  2. လိုချင်ပါတယ်…. ကိုစေတန်ရေ… ဒေါင့်လို့ရရင်ပဲ ဖြစ်ဖြစ်ပေးပါ.

    • mediafire မှာတော့ မရှိဘူး။ တချက်ပြန်ရှာကြည့်လိုက်အုံးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>