My.wikipedia.com

အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်.. တော်တော်များများကလည်း ဝင်ရေးတာမရှိ.. ခေါင်းစဉ်ပဲရေးပေးတယ်… နောက်ပြီး Talk မှာပဲရေးကြတယ်.. ရန်ဖြစ်ကြတယ်… မူရင်း ရည်ရွယ်ချက်ပျောက်နေတာလား… ဒါမှမဟုတ် စီးပွားရေးလုပ်ဖို့အတွက်ပဲလား… ဘာလုပ်ဖို့လဲ.. မြန်မာအတွက်လား… ကိုယ့်အတွက်လား… စီးပွားရေးအတွက်ပဲ စဉ်းစားနေလို့ ရန်တွေဖြစ်နေတာလား… နောက်ပြီး rendering မရှိတဲ့သူတွေ မသုံးရလား… ဒါဆို ဝမ်းနည်းစရာပဲ.. ကျွန်တော်သုံးတဲ့ ဆိုင်ကတော့ မရဘူး…နောက်ပြီး ဘယ် user တွေကလည်း rendering မရဘူး.. unicode page တွေကြည့်မရဘူး ပြောတာ မကြားရဘူး.. my.wikipedia.org ကို သိတဲ့မြန်မာတွေက ခပ်ရှားရှားပါလား.. သိတာက unicode သမားတွေပဲ.. unicode အတွက်ပဲ ရန်တွေဖြစ်နေတာ… စွယ်စုံကျမ်းကို ဂရုမစိုက်တော့တာလား… ကိုယ့် font ဖြစ်မှ စရေးတော့မှာလား.. စုံလာရင်ကော… ရောင်းစားဖို့ပဲ စဉ်းစားအုံးမှာလား… တကယ် ကောင်းတယ် ပြည့်စုံတယ်ဆိုရင်တော့ လုပ်ပါ.. ကြိုဆိုတယ်… ဒါပေမယ့် စက်တိုင်း လူတိုင်းဖတ်လို့ရအောင်………. rendering မရှိတဲ့စက်တွေ…… စွယ်စုံကျမ်းက လူတိုင်းအတွက်လား………….. admin နေရာလုဖို့လား…………….. ကိုယ်ကျိုးအတွက်လား………. တိုင်းပြည်အတွက်လား………… ဘာအတွက်လဲ………………. လူတိုင်းအတွက်ဆို…………… admin လုနေတဲ့လူတွေကပါ အားပါးတရ ဝင်ရေးကြပါလား………. ကျွန်တော်ကတော့ MZwiki မှာပဲ ရေးတယ်… အကုန်လုံး ငြိမ်းချမ်းသွားပြီ ပြေလည်သွားပြီ… စုစည်းသွားပြီ…. အဲဒီနေ့ဆို ကျွန်တော်လည်း ဝင်ရေးလာမှာပါ…. အခုတော့………..

” အကြာကြီး စုစည်းထားလည်း အချိန်တိုလေးမှာ ကွဲသွားနိုင်တယ်
အချိန်အကြာကြီး ကွဲနေလည်း အချိန်တိုလေးမှာ စုစည်းသွားနိုင်ပါတယ်
နောက်ဆုံးတော့….
ပြီးသွားတော့လည်း ပြီးသွားတာပဲ
အရာအားလုံးဟာ အတင်းအဖျင်း ရယ်မောသံတွေနဲ့အတူ
ပျောက်ကွယ်သွားကြတာပဲ “

5 thoughts on “My.wikipedia.com

  1. Hi Saturn,
    Ya, sometime its painful to make a change… If you look back in human history you will understand. How do you think the person can use internet fail to download the standard unicode. :-) . Pls compare standard unicode and Zawgyi, especially not for short term, blog, webpage.. but for a broad range of Natural Language Processing… :-)
    Think from the maker side instead of consumer side… My opinion is , we, Myanmar, all of us are responsible to promote the standard unicode…
    Thanks…

  2. ဘယ် unicode ကို သုံးရမလဲ။ ဘယ် unicode က အမှန်လဲ။ ဘယ်တော့ တိုက်လို့ပြီးမှာလဲ။ ဘယ်တော့ ဒါအမှန်လို့ ပြောလို့ပြီးမှာလဲ။ မြန်မာ ဘယ်နှစ်ယောက်ရဲ့ စက်တွေမှာ rendering ရလဲ။ windows xp ရိုးရိုးကြီးတောင် သုံးနေတဲ့လူတွေရှိတယ်။ rendering သွင်းပုံသွင်းနည်းတွေ တကယ်ကောင်းမွန်တဲ့ convector တွေ ဘယ်တော့ရမှာလဲ။ ဝင်းကနေတောင် unicode ပြောင်းမရတာတော့ မဖြစ်သင့်ဘူး။ မေးခွန်းတွေက tag cloud လို့ဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော်ပြောသလိုပါပဲ။

    ” အကြာကြီး စုစည်းထားလည်း အချိန်တိုလေးမှာ ကွဲသွားနိုင်တယ်
    အချိန်အကြာကြီး ကွဲနေလည်း အချိန်တိုလေးမှာ စုစည်းသွားနိုင်ပါတယ်
    နောက်ဆုံးတော့….
    ပြီးသွားတော့လည်း ပြီးသွားတာပဲ
    အရာအားလုံးဟာ အတင်းအဖျင်း ရယ်မောသံတွေနဲ့အတူ
    ပျောက်ကွယ်သွားကြတာပဲ “

    အကုန်လုံးပြီးသွားလို့ ငြိမ်းချမ်းသွားရင် standard တစ်ခုတည်း ဖြစ်လာမှာပါ။ အေးဆေးစွာ စောင့်မျှော်လျက်ပါ။

  3. ပြောဖို့ ကျန်ခဲ့တယ်ဗျ… admin နဲ့ font ကတော့ အခုကတော့ သေသေချာချာ ဖြစ်သင့်နေပြီ… အခုက ဘာကို အဓိက ထားရမှာလဲ.. ဘာကို အဓိကနဲ့ ဝင်ရေးရမှာလဲ.. ရန်တွေဖြစ်နေရင် .. မသေချာရင် တစ်ဖက်က တင်တာကို တစ်ဖက်က ဖျက် ဖြစ်နေအုံးမယ်.. အဲဒါလည်း သတိထားရမယ်.. သေချာတိကျ မှန်ကန်တဲ့ admin ကတော့ လိုနေပြီ… နောက်ပြီး ပေါ်လစီလည်း သေသေချာချာ သိမှဖြစ်မယ်… personal ကိစ္စ ကြောင့် သူတင်တာကို ဖျက်တယ်ကွာ.. အဲလိုတွေ ဖြစ်ကုန်အုံးမယ်…

    သေချာ
    မှန်ကန်
    တိကျ ပြီး
    အားကိုး
    လေးစားထိုက်
    သိက္ခာ
    သမာဓိ
    စေတနာ ကောင်းတဲ့

    admin တစ်ယောက်တော့ အမြန်ဆုံး ရှိသင့်နေတာတော့ အမှန်ပဲ…

    admin ရွေးပွဲကြီး အောင်အောင်မြင်မြင် မှန်မှန်ကန်ကန် ပြီးပါစေဗျာ..

    သတိ :
    စည်သူအောင် (MZ) အား နောက်ပြောင်လိုခြင်းကြောင့် ရေးခြင်းဖြစ်သည်။ မည်သည့် သဘောမှ မပါ။ ငါတို့ရဲ့ admin ကြီး စည်သူလည်း အမြန်ဆုံး wiki admin ဖြစ်ပါစေဗျာ။ သူ့ခမျာ wikipedia နဲ့ဆိုင်တာတွေ ဖတ်လိုက်ရတာ အမောပဲ။ မနေ့ကဆို မနက် ၈ နာရီမှ အိပ်ပါတယ်တဲ့ ခင်ဗျာ။ (ဘာတွေလုပ်နေမှန်းတော့မသိပါ ။ သွားကြည့်လိုက်တော့ my.wikipedia.org မှာပါ )။ new admin school လည်း တက်ပါ့။ အခုတော့ ဘာတွေ ဘယ်လောက် သိသွားပြီလဲ မသိသေးဘူး :D

  4. ကိုစေတန်က ကိုစည်သူ(MZ)ကို နောက်တာဆိုပေမယ့် ခေါင်းထဲကို တစ်ကယ်ရောက်လာပါတယ်။
    Unicode ဆိုတာ ချို(ဂျို)နဲ့လားဆိုတဲ့ Cover နဲ့ Computer Magazine တစ်အုပ်ဖတ်ဖူးကြပါလိမ့်မယ်။
    ဟုတ်ကဲ့ ယူနီကုတ်ကတော့မသိပါ။ ယူနီကုတ်နဲ့ပတ်သတ်ရင် ချိုကိုပြေးမြင်နေကြရပါပြီ။
    my.wikipedia.org မှာသုံးတဲ့ဖောင့်တွေကို ကျွန်တော်တန်းစီပြီးရွတ်ကြည့်ပါတယ်။ စက်ထဲမှာတစ်ခုမှ မရှိပါဘူး။ ဝင်ဖတ်ကြည့်ချင်တော့ Download လုပ်ပါတယ်။ ဖတ်မယ်ကြံတော့
    ဤစာမျက်နှာအား Unicode 5.1 ပြောင်းပေးဖို့လိုပါတယ်တဲ့။
    အင်းပေါ့လေ Wiki ဆိုတာလူတိုင်း Edit လုပ်ရတာဆိုတော့
    ဒီစာမျက်နှာကို ဝင်ဖတ်တဲ့သူတွေကိုပဲ 5.1 ပြန်ပြောင်းရေး ပေးစေလိုတယ်နဲ့ တူတယ်။ Font Converter တွေရော မရှိကြလို့လား၊ အရင်ဖောင့်အဟောင်းကနေ အသစ်ကို ကူးပြောင်းရခက်သလား၊ နောက်ထပ် အသစ်ထွက်လာရင်ကော အခု Font နဲ့ရေးထားတာတွေ ဘယ်လိုနေမလဲ။
    ဒါမှမဟုတ် Admin တွေရေးရမှာကို Admin ရာထူးတွေ Stable မဖြစ်သေးလို့များ Admin တွေကမရေးကြတာလား။ အင်းလေ Admin တွေမြန်မြန်နဲ့ များများရှိလာပါစေ။
    ဒါမှ ဒို့မြန်မာဝီကီက တိုးတတ်လာမှာ ဖတ်စရာတွေပြည့်နှက်လာမှာ။ နောက်နေ့တစ်ခါပြန်ဝင်တော့ ဖောင့်ကမမြင်ရပြန်ဘူးဗျ။ Cyber Cafe ကကောင်လေးမေးကြည့်တော့ သူတို့ဆီမှာ Deep Freeze ဆိုလားတင်ထားတယ်တဲ့ စက်ပိတ်ရင်ဘာ Software မှ မကျန်တော့ဘူးတဲ့။ Font ရော ဆိုတော့ တူတူပဲတဲ့။ ဘာလို့ မထည့်ထားတာလဲမေးတော့ အဲဒီ Font ကအသုံးနည်းလို့တဲ့။
    ကျွန်တော်မေးကြည့်ချင်တယ် ဘယ်သူ့ကိုမေးရမှန်းမသိဘူး My.wikipedia.org ကသုံးတဲ့ဖောင့်က ဘာလို့အသုံးနည်းရတာလဲ။ ဘာလို့ စက်ထဲမထည့်ထားရတာလဲ။ တစ်ကယ်လို့ Cyber Cafe တွေကမသိဘူးဆိုရင် User တွေက တောင်းဆိုမှာပါပဲ။
    အဲဒီဆိုင်က PAC Licenses နဲ့ဗျာ။ Publish Access Center နာမည်ခံရဖို့လွယ်တာလိုက်လို့။ တစ်လ ငါးသောင်းတောင် ပေးထားရတာ။ အနည်းဆုံးတော့ PAC တွေကို လိုအပ်တဲ့ Software တွေ၊ IM တွေ၊ Font တွေ ပေးထားရင်ပေးထား (သို့မဟုတ်) ဒါတွေသုံးရမယ်လို့ သတ်မှတ်ပေးသင့်တယ်။ ဘာမလုပ်ရ ညာမကုတ်ရ ရေးထားတဲ့ စည်းကမ်းချက်တွေကတော့ နံရံမှာပြည့်လို့။ Software တွေ IM တွေ Font တွေ ကတော့မစုံမလင်။ အဲဘယ်ရောက်ကုန်ပြီလဲ ။
    ကိုစေတန်ရေ လူတွေလုပ်နေကြတာကတော့ Admin အတွက်ရယ်
    ကိုယ်ကျိုးအတွက်ရယ်၊ ရောင်းစားဖို့ရယ်လို့တော့ မထင်ပါဘူးဗျာ။ မြန်မာစာအတွက်၊ မြန်မာတွေ ဗဟုသုတတိုးဖို့အတွက်ပဲထင်တာပါပဲ။ လောလောဆယ် Font ရယ် Admin ရယ် စာတွေရယ်ပဲ လိုသေးလို့ ဖတ်မယ့်လူမရှိသေးတာပါ။ ဖတ်တဲ့လူတွေများလာရင် မပြည့်စုံတာတွေ ဖြည့်စွက်လာကြပါလိမ့်မယ်။ Font တွေလဲစက်တိုင်းမှာ ထည့်ကြပါလိမ့်မယ်။ Admin တွေကလဲ နေ့ညမအား တည်းဖြတ်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်တင်ပေးခြင်းတွေ လုပ်လာကြပါလိမ့်မယ်။

    kky2k7

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>