Firefox အတွက် Zawgyi Setting နည်းလမ်းသစ်

ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်….
firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ..
ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး..

ကဲ… ရှိစေတော့… ရှိစေတော့…
ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ… ကဲ… firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်… Tools -> Options… -> Content ကိုသွားလိုက်..

Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့…
Advanced… ဆိုတာ ကိုနှိပ်လိုက်…
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့…

အခုမှ တကယ့် နည်းသစ် စမှာ…
address bar မှာ

about:config

ဆိုတာရိုက်လိုက်…

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်…

font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်… အားလုံး OK မှာ ဆိုပြေသွားမယ်….
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ…
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

11 thoughts on “Firefox အတွက် Zawgyi Setting နည်းလမ်းသစ်

  1. hi ko saturn,
    Thanks for giving advice on that. Now my Firefox can read myanmar fonts now. However, I tried the same method on IE but it said Navigation to the webpage was canceled. What shall i do?
    Looking forward for your reply soon.

    Regards,
    Phyo

  2. ကျေးဇူးပဲ ကိုစေတန်ရေ.. ကျမသူငယ်ချင်းတစ်ယောက်က ဒီအကြောင်းကို သိချင်နေတာ.. ကျမလည်းပဲ သိချင်နေတာ.. ဒါပေမဲ့ ကျမအတွက်က ကျတော့ အဆင်ပြေနေတော့ ဒီလောက်အရေးမကြီးဘူးပေါ့လေ.. သူ့အတွက်က တော့ အရေးကြီးပါတယ်.. ကျေးဇူးပဲ ကျမပြန်ပြီ ဖောက်သည်ချလိုက်ပါအုံးမယ်…

  3. I have extended your solution in this way:

    “Myanmar3, Zawgyi1, Zawgyi-One, Arial”
    “Myanmar3, Zawgyi1, Zawgyi-One, Times New Roman”

    This seems to work very well. Both Zawgyi sites and Unicode sites appear quite nicely. Hope you can spread this information to your readership. Thanks.
    Cheers,
    Ravi.

  4. အားလုံးအဆင်ပြေပါတယ် ဒါပေမယ့်ခုကျမှ gmail မှာ zawgyi-one က တခြားမြန်မာ font ကြီးဖြစ်နေတယ် opera ထဲမှာ လဲအတူတူပဲ Tab အသစ်တွေဖွင့်ပြီးတခြားsites တွေဖွင့်ကြည့်ရင် zawgyi-one မှန်ပေမယ့် gmail တစ်ခုထဲဖြစ်နေတာ gtalk လဲရတယ် ကူကြပါဦး

    နောက်တစ်ခုက တစ်ခါကအစ်မစက်ကိုအဲဒီအတိုင်းfirefoxမှာပြောင်းပေးပေမယ့် gtalkမှာကမရဘဲဖြစ်နေတယ်ဘယ်လိုဖြစ်တာလဲ

    သူငယ်ချင်းတစ်ယောက်စက်မှာကျတော့အဲဒါတွေပြောင်းစရာမလိုဘဲဘာလို့ auto မှန်နေတာလဲ

  5. address bar  ဆိုဘယ်ကဟာကိုပြောတာလဲ

    filter ဆိုတာလဲ ဘယ်ကဟာကိုပြောတာလဲ

  6. ကျွန်တော်တို့ လိပ်စာတွေ ရိုက်ထည့်တဲ့နေရာက address bar ပါ..

    http://www.google.com ဆိုပြီး ရိုက်ထည့်တဲ့နေရာမှာ

    about:config ဆိုပြီး ရိုက်တာပါ…

    အဲလိုရိုက်တာနဲ့ list တွေအများကြီးပေါ်လာမှာပါ…

    list တွေကို စစ်ထုတ်ဖို့အတွက် filter ဆိုတာ list တွေရဲ့ ထိပ်မှာပါလာပါတယ်…

    http://www.google.com မရိုက်ပဲ about:config ဆိုတာကို ရိုက်လိုက်ရင် ရှင်းသွားမှာပါ

  7. ကျေးဇူးပါ ကိုစေတန်၊ ကျနော်ဝင် လို့၇သွားပါပြီ။ ဒါပေမယ့် ဘာမှ ပြောင်းလဲသွားတာ မတွေ့၇ပါဘူး ခင်ဗျာ။ အ၇င်အတိုင်း ပါပဲ။

    ဒါပေမယ့် ကျနော့်အတွက်တော့ ဘာမှ ပြဿနာ မရှိလို့ ကျနော့် မှတ်ချက်ကို မပြန်ပါနဲ့တော့။ ကိုစေတန်တို့ ၊ ကိုညီလင်းဆက်တို့

    ကို ဓါတ်ပုံတွေထဲ မှာတွေ့၇လို့ လူနဲ့ နာမည် တွဲမိသွားပါတယ်။ ကျနော့် စိတ်ကူးထဲ ကပုံဖေါ်ထားတာ နဲ့တော့နဲနဲ လွဲနေပါတယ်။

  8. ကျနော် ရက်ရှည်လများစိတ်ညစ်ခဲ့ရတာလေးအခုတော့အဆင်ပြေသွားပါပြီ…အရမ်းထူးခြားပါတယ်ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>