အခု ကျွန်တော် SuSe နဲ့ ဇော်ဂျီအတွက် Linux keyboard ရေးထားတယ်..
တခြားဟာတွေနဲ့တော့ မစမ်းရသေးဘူး..
ကျွန်တော်သုံးတာက SuSe Linux 10 နဲ့ပါ… Linux သမားတွေ စမ်းကြည့်ပေးကြပါ..
အခုတော့ ပက်ဆင့် ရိုက်လို့မရသေးဘူး..
Windows မှာဆို key ၁ ခုမှာ ၄ ကွက် တောင်ရိုက်လို့ရပေမယ့်.. Linux မှာက key ၁ခုမှာ ၃ ကွက်ပဲ နှိပ်လို့ရတယ်…
ဒါကြောင့် ပက်ဆင့်အတွက် keyboard လက်ကွက်ပြန်စီဖို့လိုသေးတယ်..
ပက်ဆင့်တွေ အတွက်ကတော့ windows နဲ့ကွာသွားလိမ့်မယ်..
ရိုးရိုးနဲ့ Shift ကတာ့ အတူတူပဲ..
အခုတော့ ရိုးရိုးနဲ့ Shift ပဲထည့်ထားသေးတယ်.
အကူအညီပေးတဲ့ ဦးရဲမြတ်သူနဲ့ uniburma ကိုကျေးဇူးတင်ပါတယ်..
uniburma ကိုအခြေခံပြီး လုပ်ထားလိုက်တာပါ…
အသုံးပြုရမည့်ပုံကတော့
Root user account နဲ့ဝင်ပါ…
/etc/X11/xkb/symbols ကနေ mm file ကို တနေရာမှာ backup (copy and paste) လုပ်ထားပါ…
ပြီးလျှင် အခု mm file ကို replace လုပ်လိုက်ပါ…
ပြီးနောက်…
Start Bar Panel တွင် Panel အသစ် ထည့်လိုက်ပါ…
Keyboard Indicator ကိုရွေးလိုက်ပါ
ပြီးလှှှှှှျှင် Panel ကို right click နှိပ်ပြီး Open Keyboard Presence ကိုရွေးလိုက်ပါ ။
Layout ကိုပြောင်းပါ
Add လုပ်ပါ… Myanmar ကိုရွေးလိုက်ပါ…
ဒါဆိုရင် Myanmar ဆိုတာ ပေါ်လာပါလိမ့်မယ်…
Group Shift Lock Behavior တွင် Both Alt Keys Together Change ကိုရွေးလို်က်ပါ..
ပြီးလျှင် Close လုပ်ပါ…
အခု third level မှာ key ထည့်သွင်းထား ခြင်း မရှိသေး သဖြင့် ပက်ဆင့်ရိုက်ရန် ပြသနာဖြစ်နေသေးပါသည်။ အမြန်ဆုံး နှင့် လိုအပ်သော ပက်ဆင့်များကို ထည့်သွင်း ပေးသွားပါမည် ။
Alt နှစ်ခုတွဲနှိပ်ကာ keyboard ပြောင်းနိုင်သည်။



Linux အတွက် keyboard ရပြီဆိုလို့ အရမ်း ၀မ်းသာသွားတယ်။ စမ်းကြည့်မယ်လုပ်တုန်း
” Start Bar Panel တွင် Panel အသစ် ထည့်လိုက်ပါ…
Keyboard Indicator ကိုရွေးလိုက်ပါ”
ဆိုတာကို လုပ်လို့ မရတော့ဘူး။ အစ်မလည်း OpenSuse 10.1 သုံးတာဘဲ။ start bar မှာ right click လုပ်ပြီး Panel Menu -> Add Applet to panel, Add Application to Panel… အဲဒီ keybaord indicator ဆိုတာကို ရှာလို့ မတွေ့ဘူး ဖြစ်နေလို့။
XKB Indicator
အဲဒါလေးနဲ့ စမ်းရင်ကော.. အစ်မ…
SuSe 10 မတိုင်ခင်ကတည်းက ပါပြီးသားပါ.. တစ်ခုခု လွဲနေတာဖြစ်မယ်.. သေသေချာချာ ပြန်ကြည့်ပါအုံး.. ကျွန်တော်က ညာဘက်ထောင့်နားကနေ လုပ်တာပဲ… Icon Tray ကနေထည့်တာလား.. ဘာလားတော့ သေသေချာချာမတွေ့ဘူး.. အခု windows သုံးနေလို့ ပြောရခက်နေတယ်.. မရရင် http://sourceforge.net/projects/xkbind/ အဲဒါနဲ့ စမ်းကြည့်အစ်မ…
XKB indicator တော့ install လုပ်လိုက်ပြီ။ ရှာလို့တော့ မတွေ့သေးဘူး။ နောက်နေ့မှ အေးဆေး ရှာကြည့်လိုက်မယ်။ keyboard ရေးတဲ့ သူကတောင် ရေးပေးပြီးပြီ။ သုံးမယ့်လူက သွင်းဖို့ အပျင်းကြီးနေသလို ဖြစ်နေတယ်။