Ask Question in MZ User
23

Why we change layout design ?

Posted November 21st, 2009 in Zawgyi, စိတ်အချဉ်ပေါက်မှုများ and tagged , , by saturngod Readability

iPhone keyboard layout design က ဘာလို့ computer က လက်ကွက်နဲ့ မတူတာလဲ။ ရိုက်ရတာ ပိုခက်သွားတယ်။ စာလုံးတွေက နေရာမတူတော့ ပြန်ရှာနေရတယ်။ အဲလိုမျိုး ပြောကောင်းပြောပါလိမ့်မယ်။

ဘာလို့ မတူတော့တာလဲ။

သင့်အနေနဲ့ zawgyi ကို computer မှာ မရိုက်ဖူးဘူးဆိုပါဆို့။ computer keyboard လက်ကွက်အတိုင်းမြင်လိုက်ရရင် ဘာဖြစ်သွားမလဲ။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပါ ကျွန်တော် ကတော့ ပြောမနေတော့ပါဘူး။ ဦးသောင်းစုငြိမ်း ၊ကို Zack ၊ နောက်ပြီး ကျွန်တော် ကျွန်တော်တို့  သေချာ တိုင်ပင်ပြီး layout design ကို ချထားတာပါ။ ကိုရဲမြတ်သူရဲ့ လက်ရှိ ဘုန်းကြီးကျမ်းစာမှာ သုံးထားတဲ့ layout ကိုလည်း အခြေခံလိုက်တယ်။ ပြီးပြီလား ဆိုတော့ မပြီးသေးပဲ release လုပ်လိုက်ရတာပါ။ ကျွန်တော်တို့ စိတ်ကျေနပ်တဲ့ အဆင့်ထိ မရောက်သေးပဲ release လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ zawgyi on cydia ကိုတွေ့ပြီး လိုက်စမ်းရင်းကနေ restore ပြန်လုပ်ရတဲ့လူတွေ ရှိလာတဲ့အတွက်ကြောင့် အခြားလူတွေ အလကား data မဆုံးရှုံးရအောင် အမြန် release လုပ်လိုက်တာပါ။

ကျွန်တော်တို့တွေ အနေနဲ့ သာမာန် ဖုန်း အသုံးပြုတွေကိုပဲ ရည်ရွယ်ထားတယ်။ computer လက်ကွက်အတိုင်းလုပ်ဖို့လည်း မစဉ်းစားဘူး။ က ခ ဂ လောက်ကတော့ လူတိုင်း တတ်ပါတယ်။ ဒါကြောင့် လူတိုင်း အသုံးများတဲ့ စာလုံးတွေကို ရှေ့ဆုံးမှာားလိုက်တယ်။ ပက်ဆင့်တွေကို shift နေရာမှာထည့်လိုက်တယ်။ က နေရာမှာ shift နှိပ်လိုက်တာနဲ့ --္က ဆိုပြီးထား ပါတယ်။ မြန်မာစာမှာ အပေါ်ပိုင်းရှိတဲ့ --ိ --ီ တွေကိုတော့ 123 နေရာမှာ အပေါ်ဘက်တန်းမှာ ထည့်လိုက်တယ်။ --ှ--ူ --ွ စတာတွေကို အောက်ဘက်မှာထားလိုက်တယ်။ြ--ြ--  စတဲ့ ဘယ်ဘက်ကစတာတွေကို ဘယ်ဘက်မှာ ထားပြီးတော့ --ျ --ျ ကိုတော့ ညာဘက်မှာ ရှိတဲ့အတွက် ညာဘက်ကို ရွှေ့လိုက်တယ်။ အဲလို သဘောတရားလေးနဲ့ အသုံးပြုသူ မှတ်လို့ လွယ်အောင် ထားလိုက်ပါတယ်။ အဲဒီအတွက် ဇော်ဂျီ လက်ကွက် ကျွမ်းသူတွေအတွက် ရိုက်ရခက်ရင်တော့ sorry ပဲဗျာ။ ကျွန်တော်တို့တွေက computer expert တွေကို ရည်ရွယ်တာမဟုတ်ပဲ ဖုန်းသမားတွေကိုပဲ ရည်ရွယ်ထားပါတယ်။ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ်ပြင်လို့ရပါတယ်။ http://code.google.com/p/networkpx/wiki/Creating_layout_plist အဲဒီမှာ ဖတ်ပြီးတော့ /Library/iKeyEx/Zawgyi/Layout.plist မှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေတာပြင်လိုက်ပေါ့။ ကျွန်တော်လည်း အဲဒီ စာမျက်နှာလေး ဖတ်ပြီး ကိုယ့်ဘာသာ ရေးလိုက်တာပဲ။ comptuer သမားတွေအနေနဲ့ လွယ်လွယ်လေး ပြင်လို့ရမှာပါ။ ဒါပေမယ့် ဖုန်းသမားတွေ သာမာန် user တွေအတွက်ကတော့ လွယ်တဲ့အလုပ်မှ မဟုတ်တာ။ သူတို့အနေနဲ့ SMS ကို မြန်မာလို ပို့လို့ရရင် လုံလောက်ပြီပဲ။ အဓိကတော့ End Users ကိုပဲ စဉ်းစားတဲ့အတွက် computer expert တွေအတွက် ဝမ်းနည်းပါတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်တတ်သလို ပြင်လိုက်လို့ရပါတယ်ဗျာ။


23 Responses so far.

  1. စိုင်းညီဖြိုး says:

    ကျတော်ဆိုလိုတာလေးတော်တော်လေးကို လွှဲသွားပီဗျာ.. ကျတော် pm တုံးကထဲက အဲ့ဒါတွေအပိုတွေထဲ့မပြောဘဲ.. ကျတော့ရဲ့ lanscape မှာပဲရတဲ့ ပြဿနာပဲ ပြောခဲ့သင့်တယ်ထင်တာပဲ.. ဟူး.. ခုတော့.. ကျတော့စိတ်ထဲတမျိုးကြီးပဲဗျ..

    • saturngod says:

      အော်.. ညီ ကမှ တော်တော်လေးကို လွှဲသွားတာ :D မနက်ဖြန် macforus မှာ keyboard လုပ်ပုံလုပ်နည်းသေချာရေးပေးမယ်... စိုင်းညီဖြိုးနဲ့လည်း ဆိုင်ဘူး... တစ်ခြားကိစ္စလေးတွေလည်း ရှိလို့ တစ်ခါတည်း ပေါင်းရှင်းတာ.. :D စိတ်ထဲထည့်မနေပါနဲ့... :P

  2. tora says:

    cant send msg with zg fonts.....
    singtel block jailbroken(non-standard) fonts ??

  3. tora says:

    thanks a lot for the keyboard and fonts :)

    Cheers!!

    Life's getting easier and better with this fonts:P

  4. စိုင်းညီဖြိုး says:

    အစ်ကိုရေ.. ရတာတော့ ရသွားပီ.. (restart သုံးခါချပီးတဲ့နောက်မှာပေါ့) ဒါပေမယ့် အစ်ကို့ရဲ့ keyboard ကိုပဲ အမြတ်တနိုးနဲ့ သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်.. (ကိုယ့်ဟာကို လုပ်တာဆို စိတ်မဖြောင့်လို့)

    • saturngod says:

ိကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ်သုံးတာ ဘာမှမဖြစ်ပါဘူး... ကိုယ့်အတွက် အဆင်ပြေဖို့ အဓိကပဲ... :)

  5. phoe lay says:

    ဟလို .. ကိုစေတန် .. ဖုန်းနဲ့တော့ မဆိုင်ဘူး။ ဇှောဂျီနဲ့ ပတ်သက်လို့ တစ်ခုမေးချင်လို့။ ကျွန်တှော အခု windows 7 ultimate ကို upgrade လုပ်လိုက်တယ်။ ဝယ်သုံးလိုက်တယ်။ တစ်ခုက 32 bit နဲ့ နောက်တစ်ခုက 64 bit. နှစ်ခုစလုံးမှာ ဇှောဂျီ ၂၀၀၈ နဲ့ နောက်ပိုင်းကို သွင်းလို့ မရဘူးဖြစ်နေတယ်။ ကိုစိုးမင်းရဲ့ keyman ကျတော့ သွင်းလို့ရတယ်။ အဲ့လိုမျိုး ကြုံဖူးလားလို့ မေးချင်လို့။ thanks!!

  6. saturngod says:

    မဖြစ်ပါဘူး။ zawgyi keyboard ကို http://www.zawgyi.net/ ကနေ download ချပြီး သုံးတာပဲ။ ဇော်ဂျီ 2008 font ကတော့ ဘယ်ကနေရတာလဲတော့ မသိဘူး။ အဲဒါကို သုံးတာပဲ။ အဆင်ပြေပါတယ်။

  7. phoe lay says:

    အား .. ရပြီဗျ ကိုစေတန်. .. အရင်က ဘာဖြစ်တာလဲ မသိဘူး .. ဟီး။ install လုပ်ရင် error တက်တက်လာတယ်။ အခုကိုစေတန် ပေးတဲ့ လင့်ကနေ ဒောင်းပြီး လုပ်လိုက်တာ အဆင်ပြေသွားတယ်။ တကယ်ကျေးဇူးဗျာ။

  8. စိုင်းညီဖြိုး says:

    အစ်ကိုရေ.. http://www.ornagai.com ဘယ်လိုဖြစ်သွားတာတုံးဗျာ.. အွန်လိုင်းကလွဲပီး ဘာမှရှိတော့ပါလား၊၊??

  9. Boyz says:

    အိုင်ဖုန်း မရှိတော့ မသုံးဖြစ်သေးပါဘူး။
    ခေါင်းစဉ်က ဒီဇိုင်းဆိုတဲ့စာလုံးပေါင်းမှားတာ လာပြောပြတာ...
    Design မှ အမှန်လားလို့...။

  10. Baseng says:

    ကျွန်တော် Singtel line ကိုသုံးနေတာပါ။ zawgyi နဲ့ sms ပို့လို့ရတယ်။ အဆင်လဲပြေတယ်…
    ကျေးဇူး
    အပေါ်ကဘော်တာကြီးက ပို့လို့မရဘူးလို့ပြောလို့ပါ။ အရေးကြီးတာက လက်ခံတဲ့သူဆီမှာ zawgyi ရှိမှာရတယ်။ အဲဒါမှ မဟုတ်ရင်(zawgyiမရှိရင်) ဘာမှမပေါ်ဘူးဗျ။ Singtel က blog လုပ်ထားတာမဟုတ်ဘူး…..ပြန်ပြီး အခြားသူတွေကို စမ်းပို့ကြည့်ပါအုန်း ခင်ဗျာ….

  11. saturngod says:

    Thank!!

  12. Sthanm says:

    စေတန်ရေ iPhone keyboard layout design က zawgyi computer လက်ကွက်နဲ့အကျွမ်းဝင်တဲ့သူများအတွက်စိတ်ပျက်စရာကြီးပဲလို့မထင်မိဘူးလား။phone keyboard layout design အတွက်အသစ်တစ်ခါ သင်ရပြန်ရော။ထားပါတော့။
    zawgyi computer လက်ကွက်နဲ့အကျွမ်းမဝင်တဲ့သူများအတွက်ကော phone မှာတစ်မျိုး၊computerမှာ တစ်မျိုးဆိုတော့ အသစ်ပြန်သင်ရပြန်ရော။အဲ့ဒီအတွက် အချိန်ပုပ်မသွားဘူးလား။အပ်ါကပေးထားတဲ့ code link ကိုဝင်ကြည့်တော့ computer သမားမဟုတ်တဲ့ ကျနော့်လိုလူအတွက် တိုင်ပတ်သွားပြန်ရော။phone keyboard layout ကို computer မှာလိုဆိုရင် အားလုံး good သွားမယ်လို့ထင်ပါတယ်။

    စားသုံးသူအနေနဲ့ feedback ပေးတာပါ။ဆရာလုပ်တာ မဟုတ်ဘူးလို့ပြောပါရစေ။
    (speed n masterpeice ကို ကိုးကွယ်သော sthanm) thx u

  13. saturngod says:

    အစမို့ပါ။ iPhone မှာ ရှိတဲ့ keyboard layout က လွယ်လွယ်နဲ့ပြင်လို့ရပါတယ်။

    http://www.macforus.com/?p=64&lang=en-us

    ကိုယ့်ဘာသာ ကိုယ် အဆင်ပြေတဲ့ ပုံ လွယ်လွယ်လေး ပြင်နိုင်ပါတယ်။ လက်ရှိ နေရာတွေမှာ ကိုယ်လိုချင်တဲ့ ပုံလေး ပြောင်းရွှေ့လိုက်ရုံပါပဲ။ ဘာ code မှ ပြင်စရာမလိုပါဘူး။

  14. ht18aung says:

    thanks for your sharing! now i can use zawgyi keyboard on my phone. u r a star!
    cheer!

  15. ht18aung says:

    ကိုစေတန် ပေးတဲ့နည်းအတိုင်း keyboard ကိုနည်းနည်းပြင်လိုက်တယ်။ computer လက်ကွက်အတိုင်းက phone မှာလုံးဝအဆင်မပြေပါဘူး။ ကျွန်တော်ကတော့ အသုံးများတဲ့ keys တွေ ကိုပေါင်းထားလိုက်တယ်။ အရင်ကထက်တော့ ပိုမြန်မြန်ရိုက်နိုင်လာတယ်။ စမ်းသုံးချင်တဲ့သူရှိရင် သုံးလို့ရအောင် share လုပ်လိုက်တယ်။

    http://noiseygn.ning.com/profiles/blogs/zawgyi-keyboard-for-iphone

  16. ht18aung says:

    Layout နဲနဲထပ်ပြောင်းထားတယ်။ key တချို.ထပ်နေလို.။

    http://www.sinsco.com/download/Zawgyi-kyeboard-for-iphone-v2.0.rar

  17.ွှသံလွင်အောင် says:

    ကိုစေတန်ရေ...
    ကျွန်တော်က Japan, Tokyo ကပါ။
    ကျွန်တော့် iphone က 3gs ပါ၊ build version က 7E18 , software version က 3.1.3 ပါ။
    အရင်က blackra1n နဲ့ cydeia ကို jailbreak လုပ်ပြီးသုံးနေရင်းက google error တက်လာလို့ restore လုပ်လိုက်ရပါတယ်၊data တွေလဲ lost ဖြစ်ကုန်တယ်၊ အခု jailbreak ပြန်လုပ်တော့ recovery လုပ်ထားတဲ့အကြောင်း box တက်လာပြီး ဘယ်လိုမှ jailbreak မပေးတော့ဖြစ်နေတယ်၊ Internet မှာ ၃.၁.၂ အတွက်ပဲ blackra1n free downlode ရှိပြီး ၃.၁.၃ အတွက် မရှိသေးဘူးဖြစ်နေတယ်။
    iphone မှာ zawgyi font မရှိတဲ့ အတွက် မြန်မာ web site တွေကို ကြည့်လို့မရ၊ mail ထဲက စာတွေကို ဖတ်လို့မရ ဖြစ်နေတယ်ဗျာ။
    ကျွန်တော့် computer မှာ recovery လုပ်ထားတဲ့ file ကို လိုက်ရှာတာလဲ မတွေ့လို့ computer ကို windows လဲ ပြန်တင်ထားပေမဲ့ jail break ပေးမလုပ်တော့ဘူး၊
    အားကိုးပါတယ်ဗျာ၊ ကူညီပေးစေလိုပါတယ်၊

Leave a Reply